နိရဉ္စရာ
ဘင်္ဂလာဒေရှ့်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ဘင်္ဂလာဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက ယမန်နေ့က ဆင့်ခေါ်ခဲ့သည်ဟု နိရဉ္စရာက သတင်း ရရှိသည်။
ထိုသို့ ခေါ်ယူခြင်းမှာ ရခိုင်ဝန်ကြီး၏ မှတ်ချက်နှင့် စပ်လျဉ်း၍ ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မြန်မာသံအမတ်ကြီးအား ဆင့်ခေါ်ရခြင်းမှာ ရခိုင် ၀န်ကြီးမှ နေပြည်တော်တွင် ပြုလုပ်ခဲ့သော သံခင်းတမန်ခင်း ရှင်းလင်းပွဲ (Diplomatic Briefing) တစ်ခုတွင် ဘင်္ဂလာဒေရှ့်နိုင်ငံ၏ လူမှု စီးပွားရေး ဆင်းရဲကျပ်တည်းမှု အခြေအနေက လူများကို ယခုကဲ့သို့ ရွှေ့ပြောင်းမှုကို ဖြစ်စေကြောင်း မှတ်ချက်ချ ပြောကြားခဲ့၍ ဖြစ်သည်ဟု ဘင်္ဂလာဒေရှ့် မီဒီယာများတွင် ဖော်ပြသည်။
ဘင်္ဂလာဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောကြားရာတွင် ထိုကဲ့သို့ မှတ်ချက်သည် ယခု အိမ်နီးချင်းနိုင်ငံ နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်နေသော ရွှေ့ပြောင်း လှေစီးသူများအရေးကို ရပ်တန့်ရန် ကြိုးစားမှုကို ထိခိုက်နိုင်စေသည်ဟု မြန်မာ သံအမတ်ကြီးအား ပြောဆိုခဲ့သည်ဟု သိရသည်။
မြန်မာ သံအမတ်ကြီး ယမန်နေ့ ညနေ သုံးနာရီကဆင့်ခေါ်ခဲ့ပြီး ဘင်္ဂလာဒေရှ့် အတွင်းဝန် Mizanur Rahman နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်သော တစ်ခြား အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။
( မှတ်ချက်။ ။ ပြောကြားခဲ့သူမှာ ရခိုင်ဝန်ကြီးမှာ ဦးဇော်အေးမောင် ဖြစ်ကြောင်း Reuters တွင် ဖော်ပြထားပါသည်။ အစပိုင်းတွင် Rakhine Minister ဟု ရေးသားထားသဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟု မှားယွင်းသုံးစွဲခဲ့မှု အတွက် အထူးတောင်းပန်အပ်ပါသည်။)

No comments:
Post a Comment