Thursday, June 11, 2015

ဆိုလျားကူးတောင်ယာ စိုက်ပျိုးနိုင်ရန် ဝန်ကြီးချုပ် အာမခံမည်ဟုဆို

ဖြိုးဝေအောင်

ဖရူဆိုမြို့နယ် မြို့နယ်ကျေးရွာအုပ်စု၊ ဆိုလျားကူး တပ်သိမ်းမြေယာပေါ်တွသင် စိုက်ပျိုးချိန် အချိန်မှီ စိုက်ပျိုးနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်က အာမခံလက်မှတ် ရေးထိုးပေးမည်ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ရွာသားများနှင့် အစိုးရရုံးတွင် တွေ့ဆုံစဉ် ပြောဆိုသွားသည်ဟု ကရင်နီပြည် တောင်သူလယ်သမားသမ္မဂ အဖွဲ့မှ ကိုတူရယ်က ပြောသည်။

၎င်းက "တောင်ယာနှင့် ပတ်သက်ပြီး တောင်ယာပြန်လုပ်နိုင်ဖို့ ၀န်ကြီးချုပ်က အာမခံလက်မှတ် ရေးထိုးပေးမယ်လို့ အားလုံးရဲ့ရှေ့မှာ ပြောသွားတယ်" ဟု ပြောပါသည်။

တွေ့ဆုံစဉ် ရွာသား(၃)ဦးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီး၊ ဖရူဆိုမြို့ အထွေထွေအုပ်ချုပ်ရေးမှူး၊ တခြားသော ၀န်ကြီးများလည်း ပါရှိသည်ဟု သိရှိရသည်။

ပည်နယ်ဝန်ကြီးချုပ်က အာမခံ လက်မှတ်ရေးထိုပေးမည် ပြောကြား ခဲ့ပြီး ဇွန်လ(၅)ရက်နေ့တွင် ဆိုလျားကူးရွာသားများနှင့်လည်း ဆိုလျားကူးရွာတွင် ထပ်မံတွေ့ဆုံရန် ချိန်းဆိုထားခဲ့သော်လည်း အရေးပေါ်ကိစ္စရပ်ကြောင့် မတွေ့ဆုံနိုင်ခဲ့ကြောင်း သိရသည်။

“ ထွက်လာတော့မယ်ပြောတော့မှ အရေးပေါ်အရေးကြီးတဲ့ အလုပ်ကိစ္စကြောင့် မလာဖြစ်တော့ပါဘူး။ အဲဒီအပေါ်မှာလည်း ရွာသားတွေကို အထင်မလွဲစေချင်ပါဘူး။ သံသယမဖြစ်စေချင်ဘူး” ဟု ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးရစ်ချက် ပြောသည်။

တွေ့ဆုံပွဲကို ဆိုလျားကူးတောင်သူများနှင့် ဖရူဆိုမြို့နယ်ရှိ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးရစ်ချက်၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး၊ မြေစာရင်းနှင့် အုပ်စုအုပ်ချုပ်ရေးမှုးနှင့်သာ တွေ့ဆုံ စကားပြောခဲ့ကြသည်။

တပ်သိမ်းမြေတွင် သီးနှံအချိန်မှီစိုက်နိုင်ရန် တောင်သူများက ပြည်နယ်ဝန်ကြီးချူပ်ထံ ဧပြီလတွင် အသာနားခံစာ တင်ထားခဲ့ကြသည်။

ယခုချိန်ထိ ၀န်ကြီးချုပ်မှ တရားဝင် အာမခံပေးမည်ဆိုသည့် အတိအလင်း မရှိသေးသည့်အတွက် တောင်ယာ လုပ်ကိုင်သူများကလည်း ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း သိရပါသည်။

No comments: