Tuesday, June 9, 2015

စာရေးဆရာ မင်းပြားမင်းသိဏ်းထွဏ်း ကွယ်လွန်

နိရဉ္စရာ

စာရေးဆရာမင်းပြားမင်းသိဏ်းထွဏ်းသည် ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီ အချိန်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ သူ၏နေအိမ်တွင်ကွယ်လွန်သွားကြောင်း သိရသည်။

သူသည် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆ဝ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

“အခုလို စာရေးဆရာတစ်ယောက်ကွယ်လွန်သွားတော့ ကိုယ့်မြို့ဒေသအတွက် ဆုံးရှုံးမှုတစ်ခုကိုဖြစ်စေပါတယ်”ဟု မြို့ခံ ဦးပဇင်း ဦးနန္ဒနက မိန့်သည်။

စာရေးဆရာမင်းပြားမင်းသိဏ်းထွဏ်းသည် သမိုင်းစာပေများကို အရေးများသူဖြစ်ပြီး ရခိုင်အမျိုသားပါတီ(ANP)၏ မင်းပြားမြို့နယ်ဒုဥက္ကဋ္ဌ (၃)တာဝန်ကိုထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်သည်။

ယင်းအပြင် သူသည် မင်းပြားမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသူဖြစ်ကြောင်းလည်း သိရသည်။

ဆရာအား ယနေ့ ဇွန်လ ၆ ရက်နေ့တွင် သဂြိင်္ုလ်မည် ဖြစ်ကြောင်း သိရသည်။

No comments: