ABC
မန်မာ ရေတပ်က တွေ့ရှိတဲ့ လှေပေါ်က လူပေါင်း ၇၀၀ ကျော်ကို ရခိုင်ပြည်နယ်ဘက်ကို ပို့ဆောင်လိုက်ပြီလို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာ ရေတပ်က စောင့်ကြပ်ပြီး မောင်းတောကို ပို့ဆောင်မယ်လို့ ပြောပါတယ်။
အဲဒီလူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ပို့ဆောင်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က လက်ခံမှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် အရာရှိ Shahidul Islam က ပြောပါတယ်။
ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကလည်း အဲဒီလူတွေကို အစောင့်တွေနဲ့ လုံခြုံရာကို ပို့လိုက်ပြီလို့ ပြောဆိုပေမယ့် လှေပေါ် ပါလာသူတွေက ဘယ်သူတွေ ဖြစ်သလဲဆိုတာကို ဖြေဆိုခြင်း မရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီလူတွေကို အစားအစာနဲ့ သောက်ရေတွေ ပေးထားပြီလို့လည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
အစောပိုင်းတုန်းကတော့ လှေပေါ် ပါလာတဲ့ လူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားချင်တယ်ပြောလို့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ဖို့ စီစဉ်နေကြောင်း ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်မှု လုပ်ခဲ့ပါတယ်။
အဲဒီနောက် လှေပေါ် ပါလာသူကို လုံခြုံရာဆီ ရေတပ်က လိုက်ပို့နေပြီလို့ ဝန်ကြီး ဦးရဲထွဋ်က ပြောဆိုထားပါတယ်။
လုံခြုံရေးအရ အဲဒီလူတွေကို ဘယ်နေရာမှာ ပို့ဆောင်ထားသလဲ ဆိုတာ မပြောနိုင်ဘူးလို့ ဦးရဲထွဋ်က ပြောပေမယ့် တချို့ကတော့ ရခိုင်ပြည်နယ်ကို ရောက်လာမှာ ဖြစ်ကြောင်း ပြောပါတယ်။
အဲဒီ လူတွေက ဘယ်သူ ဘယ်ဝါတွေ ဖြစ်သလဲ ဆိုတာကို အရင် စစ်ဆေးရဦးမယ်လို့လည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
လူကုန်ကူး စခန်းက ရိုဟင်ဂျာတွေ မုဒိမ်းကျင့်ခံရ
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ တောထဲက လူကုန်ကူးတဲ့ စခန်းမှာ နေရတုန်း ရိုဟင်ဂျာ အမျိုးသမီးတချို့ မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ သိရပါတယ်။
Bernama သတင်းမှာ ဖော်ပြချက်အရ အဲဒီလို လူကုန်ကူးတဲ့ စခန်းမှာ ယာယီနေရစဉ်အတွင်း လှပတဲ့ ရိုဟင်ဂျာ အမျိုးသမီးငယ်တွေကို စခန်းစောင့်တဲ့ လူတွေက ညညမှာ ခေါ်ထုတ်ပြီး မုဒိမ်းကျင့်တယ်လို့ ဆိုပါတယ်။
အဲဒီလိုကြောင့် တချို့ မိန်းကလေးတွေ ကိုယ်ဝန်ရသွားတာ ရှိတယ်လို့ ဆိုပါတယ်။
ညညရောက်တိုင်း လူကုန်ကူးခံရတဲ့ အမျိုးသမီး နှစ်ယောက် သုံးယောက်ကို ကင်းစောင့်တဲ့လူတွေက အမှောင်ထဲ ခေါ်ပြီး အုပ်စုလိုက် မုဒိမ်းကျင့်တာလို့ အဲဒီလို စခန်းမှာ နေခဲ့ဖူးသူတွေက ပြန်လည် ပြောပြပါတယ်။
အဲဒီလို လူကုန်ကူးတဲ့ စခန်းတွေ ဖွင့်လှစ်ရာမှာ ထိုင်းအစိုးရ ဝန်ထမ်းတွေ၊ မလေးရှား အစိုးရဝန်ထမ်းတွေလည်း ပါဝင်တဲ့အတွက် ဖမ်းဆီးခံရမှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံက အစိုးရဝန်ထမ်း အယောက် ၅၀ နီးပါးကို ဖမ်းထားသလို မလေးရှားကလည်း ရဲ ၁၂ ယောက်ကို လူကုန်ကူးမှုမှာ ပါဝင်တဲ့အတွက် ဖမ်းဆီး အရေးယူထားပြီ ဖြစ်ပါတယ်။

No comments:
Post a Comment