Wednesday, May 23, 2012

ဒေါ်အောင်ဆန်းစုကြည် ဂျီနီဗာ အိုင်အယ်လ်အိုညီလာခံ၌ မိန့်ခွန်းပြောမည်

ဒီဗွီဘီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ ၁၄ ရက်နေ့ ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အ လုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ညီလာခံမှာ ပထမဆုံး မိန့်ခွန်းပြော ကြားမယ့် အကြောင်း အိုင်အယ် လ်အို တာဝန် ရှိသူ တွေက ထုတ်ဖော် ပြောကြား လိုက်ပါ တယ်။

အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ် ဂျူအန် ဆိုမာဗီယား(Juan Somavia) က ဒေါ်အောင်ဆန်းစုကြည် ဟာ ညီလာခံနောက်ဆုံးနေ့ မှာ မိန့် ခွန်းပြော ကြားမှာ ဖြစ်တဲ့ အကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံပြင်ပမှာ နိုင်ငံတကာ အဆင့် ပထမဆုံး ပြောကြား မယ့် မိန့်ခွန်း ဖြစ်လိမ့် မယ်လို့ ပြောကြား ခဲ့ပါ တယ်။

ဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ နော်ဝေးနိုင်ငံကို ခရီးဆက် မှာ ဖြစ်ပြီး ဇွန် ၁၆ ရက်နေ့ မှာ အော်စလိုမြို့ မြို့တော်ခန်းမမှာ မိန့်ခွန်းပြောဖို့ စီစဉ် ထားပါတယ်။ ဇွန် ၁၇ ရက် နေ့မှာ တော့ နို ဘယ် လ်ဆုကော်မတီက ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်အတွက် ၁၉၉၁ ခုနှစ်ချီးမြှင့် ထားတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။

နော်ဝေးနိုင်ငံခရီးစဉ်အပြီးမှာ ဗြိတိန်နိုင်ငံပါလီမန်မှာ ပထမဆုံးအကြိမ် သွားရောက် မိန့် ခွန်းပြောကြား ဖို့ ရှိပြီး ဇွန် ၁၉ ရက်နေ့ မှာ ကျ ရောက် မယ့် သူ့ ရဲ့အသက် ၆၇ နှစ်မွေးနေ့ပွဲကိုလည်း ဗြိတိန်မှာပဲ ကျင်း ပဖွယ် ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပြည်ပခရီးစဉ်တွေဟာ နှစ်ပေါင်း ၂၄ နှစ်အကြာမှာ ပထမဆုံးပြည်ပကို ထွက်ခွာမယ့် ခရီးစဉ်တွေဖြစ်ပါတယ်။

No comments: