Tuesday, May 15, 2012

လူထုတောင်း ဆို၍ သျှမ်းတပ်ဖွဲ့ စခန်း ရုပ်ပေး အစိုးရ တပ်အစားထိုး နေရာယူ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် ဝင်ရောက်အချထားသည့် တပ်စခန်း တခုအား လူထု တောင်းဆို ချက်ကြောင့် ဆုတ်ပေး လိုက်သော်လည်း အစိုးရ တပ်ဝင်ရောက် အ စား ထိုးနေရာ ယူထား ကြောင်း သိရှိ ရပါ သည်။

“လူထုတောင်းဆိုလို့ တပ်စခန်းကို ကဆုန်လပြည့်မတိုင်ခင်ကတည်းက နေရာပြောင်းပေးလိုက်ပြီ၊ ဒါပေမယ့်အဲဒီနေရာ အစိုးရတပ် လာ ရောက် နေရာ ယူထား တယ် ” - ဟု ဒေသခံ တဦးက ပြောပါ သည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ မြို့၏မြောက်ဘက်ရှိ လွယ်ကောင်းမူးတောင်ပေါ် ဘုရား၌ တပေါင်းလ မတိုင်မှီ ကတည်းက သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟုလူသိများ သည့် RCSS/SSA တပ် သား များက သွားရောက်အ ခြေချ ကြောင်း၊ လူထုတောင်းဆိုချက်ကြောင့် ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်မတိုင်မှီ ၃-၄ ကတည်းက ပြောင်းရွှေ့ပြီးဖြစ်ကြောင်း၊ သို့သော် အစိုး ရတပ်ကဝင်ရောက် အစားထိုးတပ်ချထားသောကြောင့် လွတ်လပ် စွာ ညောင်ရေသွန်းနိုင်ရန်အတွက် အခက်အခဲဖြစ်ခဲ့ကြောင်း ဒေသခံ များပြောပြပါသည်။

“ဘုရားရင်ပြင်ဆိုတာ ဘုန်းကြီးတို့ ဘုရားဂေါပကတို့ သာသနာ့ဝတ် ပြုတဲ့သူနဲ့ဘဲလိုက်တာလေ။ စစ်ဝတ်စုံနဲ့ သေနတ် အပြည့်အစုံနဲ့ ဘိနပ် မချွတ်ဘဲ သွားလာနေတော့ မသင့်တော်ဘူးပေါ့၊ သျှမ်းတပ်ဖွဲ့လာ နေတုန်းကတော့ အဲဒီဘုရား ကနေ ရှောင်တိမ်းနေရာချဖို့ ပြောလို့ အ ကုန်ပြောင်းသွားပြီ။ ဒါပေမယ့်အခုက ဗမာတပ် လာရောက်နေရာယူတယ်။ ဘာထူးလဲ။ ကျနော်တို့တော့ အဲဒီဘုရားပေါ် ဘယ်တပ်ဖွဲ့ ကိုမှ မနေ စေချင်ဘူး၊ လူတိုင်းလွတ် လွတ်လပ်လပ် သွားလာ ကိုးကွယ် ရမယ့် နေရာ” - ဟု ဒေသခံဗုဒ္ဓဘာသာ ဝင်တဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကလည်း လူထုတောင်းဆိုချက်ကြောင့် ယခုလ အစော ပိုင်းက တည်း က သျှမ်းပြည် တပ်မတော် တပ်ဖွဲ့ဝင်များ လွယ်ကောင်းမူးစခန်းမှ လွယ်ပုံငွန်းသို့ ပြောင်းရွှေ့ပြီး ဖြစ်ကြောင်း၊ အစိုးရတပ်ထပ်မံပြောင်းရွှေ့ပေးရေးအ တွက်လည်း လူထုတောင်းဆိုလျှင်ပိုမိုသင့်လျော်ကြောင်း၊ လူထုတောင်းဆို၍ ရုပ်သိမ်းပေးခြင်းမရှိက RCSS/SSA အနေဖြင့် တမျိုး တဖုံ စဉ်းစား ရမည် ဖြစ်ကြောင်း၊ မကြာမှီ ထပ်မံတွေ့ဆုံမည့်ပြည် ထောင်စုအဆင့်ဆွေးနွေးပွဲတွင်လည်း သျှမ်းပြည် တပ်မတော် အနေဖြင့် နှစ်ဘက် တပ်ချ ထားရေး၊ နှစ်ဘက် သွားလာ လှုပ် ရှားရေး ကိစ္စလည်း ထည့် သွင်း ဆွေးနွေး သွားရ မည်ဖြစ် ကြောင်း ပြောပါ သည်။

ယခုအပတ်အတွင်း သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရကိုယ်စားလှယ် ပြည်ထောင်စုအဆင့် (ဒု - ကြိမ်) ထပ်မံ တွေ့ဆုံရန် ပြင်ဆင် ထားပြီး ဖြစ်သည်ဟု ဆို၏။ တွေ့ဆုံရေး အတွက် နှစ်ဘက် ပြင်ဆင် နေ စဉ်အတွင်း သျှမ်းပြည် တပ်မတော် နှင့် အစိုးရ တပ်အကြား မေ လ ၉ - ၁၀ အတွင်း တိုက်ပွဲ သုံးကြိမ် ဖြစ်ပွား ခဲ့သည်ဟု RCSS/SSA က ပြောပါ သည်။

No comments: