Tuesday, May 15, 2012

နော်ဝေ ဝန်ကြီးချုပ် ဟောင်းနှင့် အဖွဲ့ UNA ခေါင်းဆောင် များအား လာရောက် တွေ့ဆုံ

Kawli

နော်ဝေ ဝန်ကြီးချုပ်ဟောင်း၊ အော်စလို ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေး စင်တာ ဥက္ကဋ္ဌ မစ္စတာ ကေဂျယ် မိန်း ဘွန်ဒီဗစ် နဲ့အဖွဲ့ဟာ ဒီကနေ့ မေ ၁၄ ရက်နေ့မှာ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ မ ဟာမိတ် အဖွဲ့ဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ ရန်ကုန်မြို့ ရှမ်းတိုင်း ရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦးရဲ့ နေ အိမ် မှာ တွေ့ဆုံခဲ့ တယ် လို့ သိရ ပါတယ်။

အဆိုပါ တွေ့ဆုံပွဲမှာ မစ္စတာ ဘွန်ဒီဗစ် က လက်ရှိ နိုင်ငံရေး အခင်းအ ကျင်း၊ တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်း သားလူမျိုးများ အပေါ် ခွဲခြားဆက်ဆံမှု၊ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ရေး၊ သမ္မတ ဦးသိန်းစိန်၊ ရထားပို့ဆောင်ရေး ဝန် ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း တို့နဲ့ ပတ်သက်တဲ့ တိုင်းရင်းသားပါတီ ခေါင်း ဆောင် များရဲ့ အမြင် သဘော ထားများကို မေးမြန်း ခဲ့ပါ တယ်။

တိုင်းရင်းသားများ ခေါင်းဆောင်များ အစဉ်တစိုက် တောင်းဆိုလာတဲ့ သုံးပွင့်ဆိုင် ဆွေးနွေး အဖြေရှာရေး ကသာလျှင် နှစ်ပေါင်း ၆၀ ကျော် ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးများ အရေးကို ဖြေ ရှင်း နိုင်မှာဖြစ်ကြောင်း၊ သုံးပွင့်ဆိုင်ဆွေးနွေးဟာလည်း လွှတ်တော် ပြင်ပ မှာသာ ဖြစ်နိုင်ကြောင်း မစ္စတာ ဘွန် ဗီဒစ် အနေနဲ့ သဘော ရတယ်လို့ သိရ ပါတယ်။

တိုင်းရင်းသား လူမျိုးစုများအနေနဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ စီပွားရေး၊ နိုင်ငံရေး စတဲ့ ကဏ္ဍအသီးသီးမှာ ခွဲ ခြားဆက်ဆံခံနေရကြောင်း၊ တိုင်း ရင်းသားလူမျိုးများ နေထိုင်ရာ ပြည်နယ်များဟာ ဗမာ တိုင်းရင်း သား များ နေထိုင်ရာ တိုင်းဒေသကြီးများထက် ဖွံ့ဖြိုးတိုးတက်မှု လျော့နည်းနေကြောင်း တိုင်းရင်းသား ခေါင်း ဆောင်များက ပြန်လည်တင်ပြ ပြောဆိုကြောင်း သိရပါတယ်။

အဆိုပါ တွေ့ဆုံပွဲကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့မှ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ စောဟယ်ရီ၊ ပူကျင့်ရှင်းထန်၊ ဦး သာဘန်း၊ ဦးအေးသာအောင်၊ နိုင်ငွေသိမ်း နှင့် နော်ဝေ ဝန်ကြီး ချုပ် ဟောင်း အော်စလို ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး စင်တာ ဥက္ကဋ္ဌ နဲ့ ၎င်းရဲ့ အဖွဲ့ဝင်များလည်း တက် ရောက်ကြပါတယ်။

အော်စလို ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး စင်တာ ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းစဉ် အတွက် မြန်မာနိုင်ငံကို အ ကြိမ်ကြိမ် လာရောက်ခဲ့ဖူးပြီး ယခုတစ်ကြိမ် လာရောက်တဲ့ အခါ မှာ တော့ တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေတဲ့ စစ်မှန်တဲ့ ပြည် ထောင် စုတည်ဆောက်ရေးကို ၎င်းတို့က အပြည့်အဝ ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

No comments: