Thursday, May 17, 2012

ကရင်ပြည်နယ် ဝန်ကြီးချူပ် အပြန်ခရီး ကားချောဆွဲ ခံရ

ကောင်းဝါ

ကရင်ပြည်နယ် ဝန်ကြီးချူပ် ဦးဇော်မင်းနှင့် ပြည်နယ်ဝန်ကြီးများ ယမန်နေ့ ဘုရားသုံးဆူမြို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဆက်ဆံ ရေးရုံး ဖွင့်ပွဲသို့ တက်ရောက်ပြီး၊ ယနေ့ အပြန်ခရီးတွင် ကားအစီး ၂၀ ကျော် ကို ချောဆွဲသွားကြောင်း ကားသမားများ၏ အဆိုအရ သိရ သည်။

ဘုရားသုံးဆူရှိ စစ်တပ်၊ ရဲနှင့် မော်တော်ပီကယ်များက ဝန်ကြီးချုပ် အပြန်ခရီးအတွက် ကာများ လိုအပ် ကြောင်းကို မြို့ပေါ်ရှိ ကားသမား များအား ယမန်နေ့ညက ဖုန်းမှ တဆင့် အကြောင်း ကြားခဲ့သည်။

၎င်းပြင် ကားသမားများ အနေနှင့် ဝန်ကြီးချုပ် အပြန်ခရီးအတွင်း မလိုက်ပါနိုင်ပါက ဓါတ်ဆီ လီတာ ၄၀ နှင့် ညီမျှသည့် ကျသင့်ငွေကို ပေး ဆောင်ရမည်ဟုလည်း ပြောသွားခဲ့ကြောင်း ကားသမားတဦးက ပြောသည်။

“ဒီမြို့မှာ ကားဘယ်နှစ်စီး ရှိတယ်ဆိုတာ သူတို့မှာ စရင်းအားလုံး ရှိတယ်၊ ကားပိုင်ရှင်တိုင်း ပေးရတယ်” ဟု သူက ပြောသည်။

ဘုရားသုံးဆူမြို့တွင် ကား အစီး ၂၀၀ ခန့် ရှိပြီး၊ ချောဆွဲရာသို့ လိုက်ပါသည့် ကားအစီး ၂၀ မှ လွဲ၍ ကျန် သည့် ကားများအတွက် ဓာတ်ဆီ လီတာ ၄၀ ဖိုး ထိုင်းဘတ်ငွေ ၂၄၀၀ ခန့်ကို ပေးဆောင်ကြ ရမည် ဟု ဆိုသည်။

KNU သည် မြန်မာအစိုးရကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ပြီး၊ ဇန်န ဝါ ရီလ ၁၂ ရက်နေ့တွင် အပစ်အ ခတ် ရပ်စဲကာ၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ပထမဆုံး အကြိမ် ဆက်ဆံရေးရုံး ဖွင့်လိုက်ခြင်း ဖြစ်သည်။

ရုံးဖွင့်ပွဲသို့ ယခင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ စွမ်း အင် ဝန်ကြီး ဦးသန်းဌေး ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ် များနှင့် ဗိုလ်ချုပ်ကြီး စောမူးတူး စေဖော ဦးဆောင်သည့် KNU ဘက်မှ ကိုယ်စားလှယ်များ၊ ဒေသတွင်းရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ (MNSP) နှင့် ဒီကေဘီအေ ကိုယ်စားလှယ် စသည်တို့ အပါအဝင် ဒေသခံ ၄၀၀ ခန့် တက်ရောက်ကြသည်။

ယခု ဖွင့်လှစ်လိုက်သည့် ဆက်ဆံရေးရုံးသည် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် ဖွင့်လှစ်လိုက်သည့် KNU ဆက်ဆံရေးရုံးများအနက် တတိယမြောက်ရုံး ဖြစ်သည်။ ဧပြီလအတွင်းက ပဲခူးတိုင်း ကျောက် ကြီး မြို့နယ်နှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသတွင်လည်း KNU က ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့သည်။

မေလ ၁၃ ရက်နေ့တွင်လည်း သုံးဆူ အခြေစိုက် ခလရ ၂၈၃ က မော်တော်ကား ၁၅ စီးကို ချောဆွဲခဲ့ သေး ကြောင်း မြို့ခံများက ပြော သည်။

“ဟိုနေ့က ချောဆွဲခံရတဲ့ ကားတွေက ဒီနေ့ ပြန်ရောက်ပြီး၊ အများစုက ပြင်နေရတုန်းပဲ” ဟု ကားသမားနှင့် နီးစပ်သူတဦးက ပြောသည်။

No comments: