Sunday, May 20, 2012

မူစယ်မြို့တွင် တရုတ် ကားများအား ညအိပ် ခွန်ကောက်

သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် တရုတ်နိုင်ငံဘက်မှ ၀င်ရောက်လာသည့် ကားများအပေါ် ယခု လဆန်း ပိုင်းမှ စ၍ ညအိပ်ခွန် ကောက်ခံ နေကြောင်း သိရသည်

မူစယ်မြို့အုပ်ချုပ်ရေးအဖွဲ့ရုံးမှ ကောက်ခံနေခြင်း ဖြစ်ပြီး ညအိပ်ခွန် တစ်လအတွက် ကျပ်ငွေ ၁ သိန်းနှင့် ရ ရက်တစ်ပတ်စာ ကျပ် ၅ သောင်း ပေးဆောင်ရကြောင်း မူစယ်မြို့ပေါ်ရှိ တရုတ်ကားပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ အရင်တုန်းကတော့ မကောက်ဘူး အခုညအိပ်ခွန်ကောက်တာပေါ့ မူစယ်အုပ်ချုပ်ရေးအဖွဲ့ရုံးမှာပဲ သွား ဆောင်ရတယ် ၀န် ထမ်းတွေ ရံပုံငွေရအောင်ကောက်တာလည်း ဖြစ်နိုင်ပါတယ် ” ဟု သူက ဆိုသည် ။

တရုတ်ပိုင် ကျယ်ဂေါင်နှင့် မူစယ်မြို့တို့မှာ နယ်စပ်ခြင်း ကပ်နေရာ မူစယ်မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင် များနှင့် ၀န်ထမ်း တချို့ တရုတ်နိုင်ငံသုံး ယာဉ်မောင်းလိုင်စင် ကားများကို သုံးစွဲကြကြောင်း သိရသည် ။

“မူစယ်ဒေသခံတွေထဲက စီးပွားရေးလုပ်ငန်းရှင်တွေ ၀န်ထမ်းတွေလည်း တရုတ်ယာဉ်မောင်းလိုင်စင်နဲ့ကား တွေ သုံးကြ တယ် နောက်တရုတ်ပြည်ထဲကနေ မူစယ် ၁၀၅ မိုင်ကို စီးပွားရေးအရ လာတဲ့ သူ တွေ လည်း ရှိတာပေါ့ တစ်ရက်တစ်ရက် တ ရုတ် ကားအဝင်အထွက်က အစီး ၅၀၀ အထက်ရှိမယ် ” ဟု ဆိုသည် ။

ပုံမှန်အားဖြင့် တရုတ်ကားများ မူစယ်ဘက် ၀င်ရောက်လာလျှင် ဂိတ်ဝင်ကြေးအဖြစ် တရုတ်ငွေ ၅ ယွမ် ၊ အာမခံကြေး ၁၅ ယွမ်နှင့် ပို့ဆက် ကြေး ကျပ် ၃၀၀ ပေးဆောင်ရကြောင်း သိရသည် ။

နယ်စပ်ကျယ်ဂေါင် နှင့် မူစယ်မြို့ ဖြတ်သန်းသည့်ဂိတ် ၃ ခုရှိသည့်အနက် ဆင်ဖြူနှင့် မန်ဝိန်း ဂိတ်ပေါက် များမှ တဆင့် ယာဉ် များ ၀င် ထွက် သွားလာနိုင်ပြီး ယခုအခါ ဆင်ဖြူဂိတ်တွင် သျှမ်းပြည်နယ် အစိုးရ အစီ အစဉ်ဖြင့် ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်း ကို အခွန် ကောက်ခံ နေကြောင်း သိရသည် ။

No comments: