Wednesday, May 2, 2012

KIA မှ အစိုးရစစ်ရဟတ်ယာဉ် ၁ စင်း ပစ်ချ၊ ၃ စင်း ပျောက်ဆုံး

KNG

ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါတိုက်ပွဲတွင် မြန်မာအစိုးရတပ် စစ်ရဟတ်ယာဉ် ၁ စင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ပစ်ချခံ ရပြီး အခြား ၃ စင်းလည်း အခြေစိုက် စခန်းသို့ ပြန်ရောက် လာခြင်း မရှိ ပျောက်ဆုံး နေကြောင်း ခိုင်လုံသော သတင်း ရပ်ကွက် များက ဆိုသည်။

ဧပြီ ၃၀၊ တနင်္လာနေ့က မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်ရဟတ်ယာဉ် ၂ စင်းသည် နယ်ခြားစောင့်တပ် ၁၀၀၁ အခြေ စိုက်စခန်း ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ဌာနချုပ် ပန်ဝါမြို့အနီးသို့ စစ်ကူအဖြင့် ရောက်ရှိလာစဉ် KIA တပ်ဖွဲ့၏ လေ ယာဉ်ပစ် စက်သေနတ် များဖြင့် ပစ်ခတ်ခံ ရသည်ဟု ဆိုသည်။

ရဟတ်ယာဉ် ၁ စင်း ပျက်ကျသွားသည်ကို အတည်ပြုနိုင်ခဲ့သော်လည်း ကျန် တစင်းလည်း မြစ်ကြီးနား အခြေစိုက်စခန်းသို့ ပြန်ရောက်လာ ခြင်း မရှိဟု အဆိုပါ သတင်း ရပ်ကွက်က ဆိုသည်။

နောက်ထပ် မေ ၁ ရက်၊ ယနေ့တွင် မြစ်ကြီးနားမှ စစ်ရဟတ်ယာဉ် ၄ စင်း ပန်ဝါသို့ ရောက်လာစဉ် အသင့်စောင့်ကြိုနေသော KIA စစ်သား များ၏ ပစ်ခတ်ခံ ရပြီး ပြန်လှည့် သွားကြ သည်ဟု ပန်ဝါ KIA ရှေ့တန်း သတင်းက ဆိုသည်။ ၎င်းအနက် ၂ စင်းမှာ မူရင်းအခြေစိုက်စခန်း သို့ ရောက်လာခြင်း မရှိ ပျောက်ဆုံး နေသည်ဟု ရှေ့တန်း မြန်မာ စစ်တပ် သတင်း ရပ်ကွက်က ဆိုသည်။

မြန်မာ့တပ်မတော်သည် ယခုချိန်ထိ (၁၀) လ ကျော် KIO/KIA အား ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်လာရာ မည်သည့်အခါမှ ၎င်းတို့စစ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရ ကိန်းဂဏန်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။

No comments: