Monday, May 21, 2012

မွန် နှစ်ပါတီ ပူပေါင်းရေး MAU ဂုဏ်ပြု ကြိုဆို

ခတ္တာနန်း

မွန် နိုင်ငံရေး ပါတီ နှစ်ပါတီဖြစ်ကြသည့် မွန် ဒေသလုံး ဆိုရာ ဒီမို ကရေစီ ပါ တီနှင့် မွန်ဒီမိုကရေစီပါတီတို့ ပူပေါင်းရေးကို မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ဂုဏ်ပြုကြိုဆိုကြောင်း ယင်းပါတီတို့ထံ အိပ်ဖွင့် ပေးစာ ပေးခဲ့ သည်။

မေလ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ဗဟိုကော်မတီအစည်းအဝေးအပြီးတွင် ထိုအိတ်ဖွင့်ပေးစာကို ပေးပို့ခဲ့သည်။

(MAU) အနေနှင့် ယနေ့ နိုင်ငံရေးအခြေအနေအရ မွန်ဒေသတွင် မွန်ပါတီ တစ်ပါတီ အဖြစ် စည်းလုံးမှု အင်းအာကြီး တစ်ရပ် ဖြစ်ရန် အရေး ကြီး ကြောင်း၊ နှစ်ပါတီ ပူပေါင်း ရေးနှင့် အနာဂတ် လှုပ်ရှာမှု အားလုံးကို ကြိုဆို မျှော်လင့် ကြောင်းနှင့် တာဝန်ယူ ကူညီ နိုင်မည့် ကဏ်ဏ္ဍများ ပေါ်ပေါက် လာလျှင် ဝိုင်ဝန်း ကူညီ သွားမည်ဟု အိပ်ဖွင့် ပေးစာ တွင် ဖော်ပြ ထားပါ သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဥက္ကဌ နိုင်ငွေသိန်းက “ သူတို့က နှစ်ပါတီပူပေါင်းဖို့ကို ကြိုဆိုတယ်၊ အကူအညီလိုအပ်ရင်လည်း အကူ အ ညီတွေ ပေးမယ် ဆိုတော့ ကျနော် တို့အ နေနဲ့ ဝမ်းသာ ပါတယ်၊ ကျနော် တို့ အနေ နဲ့လည်း နှစ်ပါတီ ပူပေါင်းဖို့ကို ထပ်ပြီး ဆွေးနွေး သွားဦးမယ်”

မွန်ဒီမိုကရေစီပါတီ (MDP) အနေနှင့်လည်း ၎င်းအိပ်ဖွင့်ပေးစာကို ကြိုဆို ကြောင်းနှင့် တိုက်တွန်း ချက်များကို လက်ခံ ကြောင်း ဒု – ဥက္ကဌ နိုင်တင် အောင်က ပြောသည်။


နိုင်တင် အောင်က “ဒါက ကောင်းတဲ့ တိုက်တွန်း ချက်တွေ ပါပဲ၊ ကျနော်တို့ အနေနဲ့ ဝမ်းသား လက်ခံ ပါတယ်၊ ၂၀၁၄ မှာ ပေါင်းဖို့ ကိုလည်း သ ဘော တူထား ပြီးသား”
ပါတီ နှစ်ပါတီ ပူပေါင်း ရန်အတွက် မွန်ရဟန်သံဃာတော်များ အကြိမ်ကြိမ်ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ပြီးနောက် လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ပေါ် သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် လာမည့် ၂၀၁၄ ခုနှစ်တွင် နှစ်ပါတီပူပေါင်းရေး အချက် (၄) ချက်ဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့ လက်မှတ်ရေးထိုးပြီးနောက် ဧပြီလ ၂၆ ရက်နေ့တွင် ယခင်မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို မွန်ဒီမိုကရေစီပါတီအမည်ဖြင့် ပြောင်း လဲ ခဲ့ပြီး ယင်း အမည်ဖြင့် ပါတီ မှတ်ပုံတင် လျှောက်ထားသည်။

No comments: