သဇင်ဥ
ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သွား သောဘင်္ဂလီများအား BGB က နယ်စပ် တွင် ဖမ်းဆီးကာ ပြန်လည်၍ ယမန်နေ့ကအထိ စုစုပေါင်း ၁၅၆၅ ဦးပို့ဆောင်ခဲ့ကြောင်း ဒေသ ထုတ် သတင်းများအရ သိရှိရသည်။
ရခိုင်ပြည်တွင် နည်းမျိုးစုံဖြင့် အကြမ်းဖက်သောင်းကျန်းပြီး တိမ်းရှောင်လာသော ဘင်္ဂလီများမှာ စက်ဘုတ်၊လှေနှင့်နယ်စပ်ခြံစည်းရိုးအကြား ရှိ မှောင်ခိုလမ်းကြောင်း ၂၀ ကျော်တို့ကို ဖြတ်ကျော်ပြီး ဘင်္ဂလာသို့ ရောက်ရှိလာခဲ့ကြ ခြင်း ဖြစ်ကြောင်း ဆိုသည်။
သို့သော်လည်း ယင်းတို့အား တာခ်နာ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ အမှတ် ၄၂ တပ်ဖွဲ့(BGB)နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်း ဆီးပြီး ပြန်လည်၍ တရားဝင် နစကသို့ လွှဲအပ်ပို့ဆောင်ခြင်းမဟုတ်ဘဲ နယ်စပ်များမှ မြန်မာသို့ တရားမ၀င်အတင်းအဓမ္မပို့ဆောင်ခဲ့ ခြင်း ဖြစ် ကြောင်း သိရှိရသည်။
ယင်း တရားမ၀င် ပို့ဆောင်ခဲ့သည့် ၁၅၆၅ ဦးမှာ ဇွန်လ ၈ ရက်နေ့မှ ယမန်နေ့ကအထိ ဖမ်းဆီးရမိသူများဖြစ်ကြောင်း၊ ဘင်္ဂလာက သင်္ခါမ ကင်း သူ ၁၅ ဦးအား စစ်ဆေးအရေးယူမှုများ ရှိနေကြောင်းနှင့် ပို့ဆောင်ခံရသောသူများအား ယခုအချိန်ထိ နစကနှင့် လ၀ကမှတစုံတ ရာလိုက်လံ စစ်ဆေး အရေးယူမှုများ မရှိသေးကြောင်း သတင်းများ ရရှိသည်။
ရခိုင်ပြည်နယ်-ဘင်္ဂလာအကြား နယ်စပ်ဒေအတွင်း နေထိုင်နေကြသော ဘင်္ဂလီများမှာ မြန်မာဘက်မှ ကာရံထားသည့် နယ်စပ်ခြံစည်းရိုး သံ ဆူးကြိုးနှင့် သံတိုင်များကို အလွယ်တကူခိုးယူပြီး ဘင်္ဂလာသံဈေးကွက်သို့ တန်ဖိုးအနည်းငယ်ဖြင့် ရောင်းချလျက်ရှိနေကြောင်းမျက် မြင်များ က ပြောသည်။
ဘင်္ဂလာမှ ၄င်းတို့နိုင်ငံအတွင်း ဖမ်းဆီးရမိသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို လွန်ခဲ့သော ၂၀၀၀ ခုနှစ်မတိုင်ခင် ထောင်ဒဏ် ချလေ့ ရှိပြီး နောက်ပိုင်းတွင် ဖမ်းဆီးအရေးယူ စစ်ဆေးမှုများမပြုလုပ်ဘဲ မြန်မာသို့ နယ်စပ်များကိုဖြတ်ပြီး တရားမ၀င် အဓမ္မပို့ဆောင်နေခြင်းမှာ ဆယ်စုနှစ် တစ်ခုကျော်လာပြီးဖြစ်ကြောင်းနှင့် ယင်းတရားမ၀င် ပို့ဆောင်မှုမှာ ရက်ပေါင်း ၃၀ အတွင်း အနည်းဆုံး ၂၅ ရက် ပို့ဆောင်ခဲ့ ကြောင်း ဒေသ ထုတ်သတင်း များအရ သိရှိရသည်။
မြန်မာနိုင်ငံ ပိုင်နက်အတွင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင် များပြားလာခြင်းမှာ ယင်းကဲ့သို့ တရားမ၀င် ပို့ဆောင်ခြင်းခံရသူများ ရှိ နေခြင်း ကြောင့်ဖြစ်ကြာင်း၊ ဘင်္ဂလာမှ ရိုဟင်ဂျာပြဿနာများအား လှုံ့ဆော်မှုများမှ ယခုကဲ့သို့ ထင်ပေါ်လာခြင်းဖြစ်ကြောင်း၊ နယ်စပ် လုံ ခြုံရေး တာဝန်ရှိသူများက ခြစား၊ လာဒ်စားမှုများရှိနေခြင်းကြောင်းနှင့် ဘင်္ဂလာတွင် မြန်မာ့ဒုက္ခသည်စခန်းဟု အမည်တပ်ရှိနေရာမှ UNH CR အကူအညီ ဖြင့် တတိယနိုင်ငံများသို့ နှစ်စဉ်ထွက်ခွာနေမှုအတွင်း များသောအားဖြင့် ရခိုင်-မြန်မာစကားနှင့် စာပေမတတ် သူများဖြစ် ပြီး ၎င်းတို့မှာ ဒေသ အတွင်း ဘင်္ဂလီများဖြစ်ကြောင်း လာဒ်ငွေပေး၍ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
ယင်းဘင်္ဂလီများက နိုင်ငံတကာတွင် လှေစီးရိုဟင်ဂျာ အမည်ခံ ဒုက္ခသည်အဖြစ် လျှောက်ထားနိုင်ရန် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကွန်ပြူတာ ဆိုင်များ နှင့် မောင်တော နစက-လ၀ကများမှ နိုင်ငံသားကပ်၊ ထောက်ခံစာများအား ငွေပေးပြီး အတုလုပ်ဆောင်ကာ ထွက်ခွာသွားမှုများ ရှိနေ ကြောင်း ဆိုသည်။
ယမနေ့က မြန်မာကျပ် ၃၂၃၀၀၀ ငွေ၊ ကုန်စုံပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား အပါအ၀င် ၃ ဦးအား နယ်စပ်စောင့်တပ်ဖွဲ့က မှောင်ခိုမှု ဖြင့် ဖမ်းဆီးရမိပြီး တာခ်နာရဲဋ္ဌာနမှ စစ်ဆေးချက်များ ယူနေကြောင်း သိရှိရသည်။
အဆိုပါ BGBမှ ပို့ဆောင်ခဲ့သော ဘင်္ဂလီအရေအတွက်မှာ ဒေသထုတ် သတင်းစာများက ဖေါ်ပြချက်အား စုပေါင်းတွက်ချက် ထားခြင်းဖြစ် ပြီး တခြားစာရင်းမရှိ ပို့ဆောင်ခဲ့မှုများ အများအပြား ရှိနေသေးကြောင်းနှင့် ဖမ်းဆီးမမိခဲ့သော သူများလည်းရှိကြောင်း နယ်စပ် လေ့လာ သူများက ဆိုသည်။
ယင်းစက်ဘုတ်၊ လှေနှင့် နယ်စပ်ဖြတ်ကျော်ဝင်လာသူ အများအပြားတွင် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်ကြကြောင်းနှင့် ယော က်ျား များမှာ အစောင့်အနေဖြင့် လိုက်ပါလာခြင်းသာဖြစ်ကြောင်း တွေ့ရှိရကြောင်း မျက်မြင်များကဆိုသည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် နယ်စပ်လုံခြုံရေး တပ်ဖွဲ့တချို့က နယ်စပ်မှလာသည့် ဘင်္ဂလီများအား ဒုက္ခသည်စခန်းများသို့ သွားရောက်ရန် ငွေ ပေး လျင်ပို့ပေးကြောင်း၊ ဒုက္ခသည်အဖြစ် လက်မှတ်ရပြီး ရိက္ခာထုတ်စား၍ရမည်သူများမှာ စခန်းခေါင်းဆောင်များအား ငွေပေးလျှင် ရရှိ ကြောင်း သိရှိရသည်။ သို့သော်လည်း ငွေမပေးနိုင်သည့် ဘင်္ဂလီဒုက္ခသည် အများအပြားမှာ စခန်းအနီးတ၀ိုက်တွင် ယာယီတဲများဖြင့် ခုံလုံ နေကြပြီး ကျဘန်းလုပ်ကိုင်စားသောက်နေကြရာ မကြာခဏ ဒေသများနှင့် ခိုက်ရန်ဖြစ်ပွားလျက်ရှိနေသည်။
No comments:
Post a Comment