Monday, July 30, 2012

အချိုးကျ ကိုယ်စားပြုစနစ်ကို မွန်နှင့် ရခိုင်ပါတီတို့က လက်မခံ

ကောင်းဝါ

လာမည့် ရွေးကောက်ပွဲတွင် တပါတီ အနိုင်ရမှုကို ကာကွယ်မည့် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR System) ပြောင်းလဲ ကျင့်သုံးရေးနှင့် ပတ်သက်၍ ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သဘောထား ထုတ်ပြန်ချက်ကို တိုင်းရင်းသား ပါတီ အချို့က လက် မခံကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးဆောင်ကာ ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၎င်းသဘောထား ကြေညာချက်ကို ဒီမိုက ရေစီ မိတ်ဆွေပါတီဝင်များ ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က လက်မ ခံခြင်း ဖြစ် သည်။

၎င်းစနစ် ကျင့်သုံးပါက လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ရိုဟင်ဂျာများ အရေး ပိုမိုရှုပ်ထွေးလာမည်ကို စိုးရိမ်ကြောင်းနှင့် အ ချိန်ယူ လေ့လာပြီးမှ ထိုစနစ်ကို လက်ခံရန် ဆုံးဖြတ်သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ပြောသည်။

“ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ သမိုင်းကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရမယ်။ ဒီမို ကရေစီနည်းမှာ အဲဒီ PR စနစ်ကို အသုံးချ ပြီးတော့ ရခိုင်ပြည်မှာ အဲဒီနိုင်ငံရေး ဇာတ်ခုံကို မသမာတဲ့ နည်းတွေနဲ့တက်လာမှာလည်း စိုးရိမ်စရာ အခြေအနေမှာ ရှိတယ်” ဟု သူက ပြော သည်။

“P-R စံနစ်ကတော့ ကျနော်တို့ လေ့လာသင့်တာပေါ့လေ။ ဒါပေမဲ့ ဒီဟာက အင်မတန်သိမ်မွေ့ပြီး ရှုပ်လဲရှုပ်ထွေးတယ်။ ကောင်းတာ ရှိသလို ဆိုးတာလဲ ရှိတာပေါ့။ နိုင်ငံတိုင်းမှာလဲ ကျင့်သုံးတာ မဟုတ်ဘူး။ ကျနော်တို့ အားကောင်းချက်၊ အားနည်းချက်တွေ ယူပြီးတော့ သင့်တော် သလား မသင့်တော်ဘူးလားဆိုတာ ကျနော်တို့ (Seminars) တွေ၊ (Workshop) တွေ အများ ကြီး လုပ်ရဦးမယ်။ တထိုင်နဲ့တော့ ဆုံးဖြတ်လို့ မရဘူး” ဟု သူက ဆက်ပြောသည်။

အလားတူ ဒီမိုကရေစီ မိတ်ဆွေပါတီများမှ တင်ပြသည့် ရွေးကောက်ပွဲ ပြုပြင်ရေးစနစ်သည် ပါတီကို အခြေခံ၍ ရွေးကောက်ပွဲဝင်ရမည့် စနစ် ဖြစ်ပြီး လူပုဂ္ဂိုလ် အခန်းကဏ္ဍကို ပြည်သူများမှ တိုက်ရိုက်ရွေးချယ်ခွင့် မရှိသည့် အနေအထားကြောင့် တိုင်းရင်းသား ပါတီများ အ နေနှင့် လက် ခံနိုင်ဖွယ် မရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာဗညားအောင်မိုးက ပြောသည်။

၎င်းပြင် သဘောထား ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ မွန်ပါတီနှင့် ကြိုတင်ဆွေးနွေးခဲ့ခြင်း မရှိကြောင်းလည်း အမျိုးသား လွှတ်တော်ကိုယ် စား လှယ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

“ဆယ်ပါတီ အစည်းအဝေးမှာ တခြားပါတီတွေက တင်တာပေါ့လေ။ အဲဒီစည်းဝေးပွဲမှာ ဆွေးနွေးပြီး တော့ ကြေညာချက်တွေ ထုတ်ကြတာ ဖြစ် တာပေါ့လေ။ ဒါပေမဲ့ သူတို့တင်တဲ့ သူတို့ထုတ်တဲ့ ကြေညာချက်ဟာ ကျနော်တို့ ပါတီထဲမှာ ကြိုတင်ဆွေးနွေးထားတာ ဘာမှ မရှိဘူး” ဟု သူက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌက ဦးသုဝေ ကမူ မဲအများဆုံး ရရှိသူတဦးသာ အနိုင်ရကိုယ်စားလှယ် ဖြစ်သည့်စနစ် (First Past The Post – FPTP System) ၏ အားနည်းချက်ကြောင့် နည်းလမ်းသစ် ရှာရန်အတွက် အချိုးကျ ကိုယ်စားပြုစနစ်ကို တင်ပြခြင်း ဖြစ် သည်ဟု ဆို သည်။

“အချိုးကျစနစ်ဆိုတာ ပုံစံတော့ အမျိုးမျိုး ရှိတယ်လေ။ အခုလက်ရှိစနစ်အရဆိုရင် မဲပေးလိုက်တဲ့ အခါမှာ ဥပမာ နှစ်ယောက်ထဲ ပြိုင်တယ် ဆို ရင် ဒီလို တယောက်က ၅၁ ရာခိုင်နှုန်း ရတယ်။ တယောက်က ၄၉ ရာခိုင်နှုန်း ရတယ် ဆိုရင် ၅၁ က ကိုယ်စားလှယ် ဖြစ်သွား တယ်။ ၄၉ က အလဟဿ ဖြစ်သွားတယ်ပေါ့နော်။ အဲဒီ မဲဆန္ဒရှင်တွေရဲ့ ကိုယ်စားလှယ်တွေက လွှတ် တော်ထဲ မရောက်တော့ဘူး” ဟု ရှင်းပြသည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများအဖွဲ့ကို (၁) ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ (၂) အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ (NDF)၊ (၃) ဒီမိုက ရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ (DPP)၊ (၄) ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ (၅) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ (၆) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP)၊ (၇) ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ (PUP)၊ (၈) ချင်းအမျိုးသား ပါတီ (CNP)၊ (၉) ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)၊ (၁၀) ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ (PSDP) ပါတီတို့ဖြင့် ပူးပေါင်းဖွဲ့စည်း ထားခြင်း ဖြစ်သည်။

No comments: