Wednesday, July 25, 2012

ဘင်္ဂလာဒေခ်ျ့ သတင်းစာများ၌ ရခိုင်ဆူပူ အကြမ်းဖက်မူ သတင်းများနေရာတွင် အာသံဆူပူမူ နေရာယူ

နိရဉ္စရာ

ယခု ဓါတ်ပုံမှာ ရခိုင်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူမှ ဓါတ်ပုံ မဟုတ်ပါ။ ယခုလ ၂၄ ရက် နေ့က အာသံပြည်နယ် ကိုကြာဂျဟာ ခရိုင်တွင် ဖြစ်ပွားခဲ့သော ဆူပူမူ ဓါတ်ပုံ ဖြစ်ပါသည်။

ဘင်္ဂလာဒေခ်ျ့ ထုတ် သတင်းစာများတွင် လနှင့် ချီပြီး ဖေါ်ပြခဲ့ကြသော ရခိုင်ဆူပူ အကြမ်းဖက်မူ သတင်းများနေရာ၌ ယခုအခါ အိန္ဒိယ နိုင်ငံ အာသံပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူ အကြမ်းဖက်မူ သတင်းများ နေရာယူလာ သည်ကို တွေ့ရသည်။

ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် အိန္ဒိယ နိုင်ငံ အာသံပြည်နယ်တွင် ဘိုဒို လူမျိုးစုနှင့် အခြေချ နေထိုင်လာသူ မူဆလင်များ အကြား ဖြစ်ပွားနေသော အဓိဂရုဏ်း သတင်းများကို ဓါတ်ပုံနှင့် တကွ ရခိုင်သတင်းများကဲ့သို့ ဖေါ်ပြထားကြသည်။

ယနေ့ ဖေါ်ပြသော သတင်းများအရ အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခကြောင့် သေဆုံးသူ ၂၁ ဦးရှိ သွားပြီ ဖြစ်ပြီး လူပေါင်း ၅၀၀၀၀ သောင်းခန့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ဖေါ်ပြသည်။

တချို့ သတင်းများတွင် သေဆုံးသူ အရေအတွက်မှာ ၂၆ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း၊ အိန္ဒိယ ရဲ အဖွဲ့၏ ပစ်ခတ်မူကြောင့် ဘိုရို အများစု နေ ထိုင်သော Kokrajahan ခရိုင်တွင် နောက်ထပ် လူ ၄ ဦး သေဆုံးကြောင်း ဖေါ်ပြကြသည်။ ယခု ဖြစ်စဉ်တွင် ရွာပေါင်း ၅၀၀ ခန့် မီးရှို့ ဖျက် ဆီးခံခဲ့ရသည်ဟု သတင်းများတွင် ဖေါ်ပြသည်။

အိန္ဒိယ Reuters က India struggles to control ethnic violence in Assam ခေါင်း စဉ်ဖြင့် ရေးသားသော သတင်းတစ်ပုဒ်တွင် ဆူပူ အ ကြမ်းဖက်မူမှာ လွန်ခဲ့သော သောကြာနေ့က စတင်ခဲ့ခြင်း ဖြစ်ပြီး အမည်မသိ သောသူများက လူငယ် ၄ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဘိုဒို များက အဆိုပါ သတ်ဖြတ်မူအား နောက်ကွယ်က ကြိုးကိုင်နေသူများဟု ယူဆရသူများကို လက်စားချေ တိုက်ခိုက်ရာမှ အကြမ်း ဖက် ဆူပူမူ စတင် ဖြစ်ပွားလာ ခဲ့ခြင်း ဖြစ်ကြောင်း ရဲတာဝန်ရှိသူများကို ကိုးကားပြီး ဖေါ်ပြသည်။

၎င်းပြင် Reuters က ယခုနှစ်များ အတွင်း အာသံပြည်နယ်တွင် နေထိုင်သော ဟိန္ဒိနှင့် ခရစ်ယာန် လူမျိုးစုများမှ ဘင်္ဂလာဒေခ်ျှ့ အခြေချ နေ ထိုင်လာသူများနှင့် မွတ်ဆလင် ဆန့်ကျင်ရေး စိတ်ဓါတ်များ ကြီးထွားလာကြောင်းကို ထုတ်ဖေါ် လာခဲ့ကြသည်ဟု ရေးသား ဖေါ်ပြ သည်။

ဘိုဒို လူမျိုးများနှင့် ဘင်္ဂလီအခြေချ နေထိုင်သူများအကြားတွင် တိုက်ခိုက်မူများမှာ ၁၉၅၀ ခုနှစ်နောက်ပိုင်းမှ စပြီး မကြာခဏ ပေါ်ပေါက် နေ ကြောင်း Retures က ဆိုသည်။

ဘင်္ဂလာဒေခ်ျ့နှင့် ကပ်ရပ်တည်ရှိသော ရခိုင်တွင် ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီး များမကြာမီ အိမ်နီး ချင်း အိန္ဒိယ နိုင်ငံတွင်လည်း ဌာနေ တိုင်း ရင်းသားများနှင့် အခြေချ နေထိုင်လာသူများအကြား အဓိကရုဏ်းများ ပေါ်ပေါက်လာသဖြင့် အများက အိန္ဒိယ အကြမ်းဖက် ဆူပူ မူကို လည်း စိတ်ဝင် တစား စောင့်ကြည်နေကြသည်ဟု သိရသည်။

No comments: