Monday, July 30, 2012

ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်းချရန် ငွေကြေးများ ကောက် ခံနေ

ရွှေဘန်း(စစ်တွေ)

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်း၊ အင်ကြင်းချိုင်ကျွန်း၊ ပိန္ဒဲချောင်းကျွန်းရှိ ကျေးရွာများတွင် န.စ.က မှ တပ်စခန်း ချရန် ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံ လျှက်ရှိကြောင်း သတင်းရရှိသည်။

“ ပေါက်တောမြို့နယ် ပိန္နဲချောင်းကျေးရွာအုပ်စု၊ ကျောက်ပြင်ကျေးရွာတွင် ရပ်ရွာကို လုံခြုံရေးယူ ရန်အတွက် တပ်ဖွဲ့အင်အား (၆၀)ခန့် ပါသော န.စ.က တပ်စုတစ်စုသည် ယခုအခါ ကျနော်တို့ ကျောက်ပြင်ကျေးရွာကို လုံခြုံရေးယူရန် ရောက်နေပါတယ်။ သူ တို့ ရောက်ပြီးသိပ်မကြာဘူး ပိန္န္နဲချောင်းကျွန်းစု တစ်ခုလုံးက ကျေးရွာတွေမှာရှိတဲ့ ကျေး ရွာအုပ်ချုပ် ရေးမှူးတွေ ကိုခေါ်ပြီး ဇူလိုင်လ (၂၄) ရက်နေ့ကအစည်းအဝေးလုပ်ခဲ့ကြ တယ်။ သူတို့က ဒီရွာမှာ စခန်းချမယ်၊ ဒီမှာနေတဲ့အချိန်မှာ သူတို့နေထိုင် စားသောက် ဖို့အတွက် ကျေးရွာတစ်ရွာက တစ်အိမ်ထောင်ကို ၅၀၀ ကျပ် ကောက်ပေး ရမယ်ဆို ပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူး တွေ ကို အစည်းဝေးမှာ ပြောလိုက်ပါ တယ်။ နောက်တစ်ခါ ထပ်ပြီးတော့ ဇူလိုင်လ (၂၅)ရက်နေ့ အစည်းအဝေးခေါ်ပါတယ်။ ဒီတစ်ခါ ကျ တော့ ကျနော်တို့ ကျွန်းစုတစ်ခုတည်း မဟုတ် တော့ဘူး။

တစ်ခြားကျွန်းစုတွေဖြစ်တဲ့ မြေငူကျွန်း၊ အင်းကြင်းချိုင်ကျွန်း တွေလည်းပါလာတယ်။ ကျေးရွာအုပ် ချုပ်ရေးမှူးတွေအပြင် ရာအိမ်မှူးတွေပါခေါ် တယ်။ အဲဒီနေ့ကျတော့ တစ်အိမ်ထောင်ကို (၁၅၀၀) ကျပ် ပေးရမယ်ဆိုပြီး ပြောတယ်။ မ ပေး တဲ့ အိမ်ထောင်စုရှိရင် သူတို့ ကိုဖမ်းပြီးတော့ ထောင်ချမယ်လို့  န.စ.က မှ အရာရှိတစ်ဦးက ခြိမ်းခြောက်ပြီး ပြောပါတယ်။ ကျနော် တို့ ကျွန်းသုံးကျွန်းပေါင်းရင် အိမ်ခြေ (၉၀၀၀) ကျော်၊ လူဦး ရေ (၂၀၀၀၀) လောက် ရှိပါတယ်။ ကျနော်တို့ ရွာတွေက အိမ်ထောင်စု စာ ရင်း တွေ ကလည်း သူတို့ လက်ထဲမှာ အကုန်ရောက်နေပါ ပြီ ” ဟု အစည်းဝေးသို့ တက်ရောက်ခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ် ဦးမှ ပြောသည်။

၎င်းကျေးရွာများသည် ရေလုပ်ငန်းနှင့် လယ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဇွန်လမှစ၍ အခုထက်ထိဖြစ်ပွားနေသော ဘင်္ဂလီမူဆ လင် -ရ ခိုင် အဓိကရုဏ်းကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများမှာ ကုလားရန်ကိုကြောက်လို့ ငါးဖမ်းရန် လှေမထွက်ရ၊ လယ်အလုပ်ကို လည်း မလုပ် ရသောကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေသည်ကို သိရပြီး ၄င်းအဆင်မပြေမှုကြောင့် ဒေသခံရွာသားများမှာ ကယ်ဆယ်ရေး အဖွဲ့ အစည်း များကိုသာ အားကိုးနေရသည်ကို သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေသခံတိုင်းရင်းသားများမှာ အကြမ်းဖက်ဘင်္ဂလီမူဆလင်များရန်ကြောင့် ဆင်းရဲဒုက္ခကို ခါးစည်း ခံစားနေရ သော ကြားက သက်ဆိုင်ရာအာဏာပိုင်များ၏ အတင်းအဓမ္မခြိမ်းခြောက် ငွေတောင်းစားမှုများကို ထပ်မံခံနေရ၍ ၄င်းအာဏာပိုင် များမှာ လည်းတိုင်း ပြည်တာဝန်ကို မှန်မှန်ကန်ကန်မထမ်းဆောင်ဘဲ ဓါးပြသဖွယ်တောင်းစားနေမှုများသည် နိုင်ငံတော်သမ္မတကြီးကသန့်ရှင်း သောအစိုးရကောင်း မွန်သောအစိုးရလို့ ပြောဆိုနေသောစကားနှင့် ကွာဟမှုရှိနေသည်ကို သိရပြီး အောက်ခြေ၀န်ထမ်းတွေရဲ့ လာဘ်စား လိုတဲ့စိတ် ပြည်သူတွေ အပေါ် အနိုင်ကျင့်လိုတဲ့စိတ် မပျောက်သေးသမျှ သမ္မတကြီးမျှော်မှန်းထားသောပန်းတိုင်ကို ဘယ်သောအခါမှ ရောက်ရှိမည်မဟုတ်ကြောင်း ကို ဒေသခံ တိုင်းရင်းသားများက ပြောဆိုနေကြသည်။

No comments: