Monday, July 30, 2012

ကျောင်းသား ၃ ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် သံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးခံနေရ

ဒေါင်းမြရင်

ရခိုင်ပြည်နယ်၊ သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍ တရားစွဲဆိုထားကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကျောင် သား(၃)ဦးအား သံတွဲအကျဉ်းထောင်တွင် ဖမ်းဆီး ထိန်း သိမ်းထားကြောင်း သတင်းရရှိသည်။

သံတွဲမှ ညီမင်းခန့်၊ ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ ဂွမြို့နယ်မှ သန့်စင်ဖြိုး ကျောင်းသား(၄)ဦးအား ဇူလိုင်လ(၂၀)ရက်နေ့က ဖမ်းဆီးသွားပြီး (၂၆)ရက်နေ့ ရုံးထုတ်ရာတွင် သန့်စင်ဖြိုးမှာ အာ မခံချက်ဖြင့် ပြန်လွတ်လာပြီး လက်ရှိတွင် ကျန်(၃)ဦးမှာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၀၅(ခ)ဖြင့် သံတွဲထောင်တွင်ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါကျောင်းသား(၄)ဦးအား ဇွန်လ(၁၂)ရက်နေ့က ပထမ တစ် ကြိမ်ဖမ်းဆီးခဲ့ပြီး ညနေ(၆)နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရ သည်။

“ ညီမင်းခန့်တို့က (၁၁)ရက်နေ့တွင် သပြုချိုင်ကို ကားအငှားလိုက်သွားတာ၊ ဖမ်းဆီးခံရတာ မှာပါ တဲ့ သူငယ်ချင်းတွေလည်း လိုက်သွား တာ၊ ပြန်လာတော့ ညနေ(၆)နာရီ ကျော်တာနဲ့ အိမ်ကိုသူပြန်မလာနိုင်တော့ဘဲ ပဒဲကိုက သူငယ် ချင်းအိမ်မှာ အိပ်တာ၊ (၁၂)ရက်နေ့က အဲ့ ဒီအိမ်မှာလာခေါ်သွားတာ၊ (၁၃)ရက်နေ့ ညနေ(၁၂)နာရီမှာ ရဲတွေကိုယ်တိုင် လာပို့သွားပါ တယ်။ ” ဟု ညီမင်းခန့် မိခင် ကပြောသည်ဇွန်လ(၂၀)ရက်နေ့ ညနေ(၆)နာရီ တွင်ဒုရဲအုပ် စိုးလွင်မှ ပြန်လာပို့မည်ဟု ခေါ်သွားကာ ယခုထက်ထိ ဖမ်းဆီးခံနေရကြောင်း သူက ဆက် ပြောသည်။ ညီမင်းခန့်၊ ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ သန့်စင် ဖြို့တို့ကိုလည်း အဆိုပါနေ့က ဖမ်း ဆီးခံခဲ့ရပြီး သန့်စင်ဖြိုးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်သုံးဦးမှာ ဆက်လက် ဖမ်းဆီး ခံနေရ ဆဲဖြစ် သည်။

ပုဒ်မ ၅၀၅(ခ)မှာ နိုင်ငံတော်အစိုးရ(သို့) နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ် ယောက် သောသူက အများ ပြည် သူ ကိုသော်လည်းကောင်း၊ လူတစ်စုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေ လျှင် ဤပြစ်မှု မြောက်သည်ဟု သိ ရသည်။

ညီမင်းခန့်နှင့် ဖမ်းဆီးခံနေရသော ကျောင်းသားများသည် သပြုချိုင် ဆိပ်ကမ်းတွင် ဘင်္ဂလီမူဆလင်များ ထုတ်ဝေထားသောစာရွက် တစ်ရွက် ကို ဈေးဆိုင်မှ အမျိုးသမီးတစ်ဦးအား သွားရောက်ပြသခြင်းကို တရားလိုဘက်မှ လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟု ယူဆ၍ တ ရားစွဲဆို ထား ကြောင်း သိရသည်။

တရားလိုမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းလေးဖြစ်ပြီး သူ၏ဇနီးမှာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ် ကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူ လေးဦးအား ပထမတစ်ကြိမ်ဖမ်းဆီးခံရပြီး ၇ ရက်မြောက်နေ့တွင် ဒုတိယတစ်ကြိမ် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်ရာ ယခု လက်ရှိ တွင် တရာလိုဖြစ်သူ ဦးသောင်းလေး၏ ဇနီး မူဆလင်ဘာသာဝင် အမျိုးသမီးက ငွေကြေးပေးကာ တဘက်သတ် ပြစ်မှုမြောက် အောင်ဖန် တီးနေခြင်းဟု သံတွဲမြို့ ဗုဒ္ဓဘာသာဝင်အများစုက ဝေဖန်ပြောဆို နေကြောင်းသိရသည်။

အာမခံဖြင့် လွတ်မြောက်လာသူ သန့်စင်ဖြိုးမှာ အသက် ၁၉ နှစ် ဂျီတီအိုင်ကျောင်းသားဖြစ်ပြီး ညီမင်းခန့်( အသက်- ၂၀) မှာ သံတွဲမြို့ ဗောထိ ကုန်းရပ်ကွက်မှ ဦးဘသိန်၏ သားဖြစ်ပြီး ၎င်းမှာ မြန်မာစာ စစ်တွေ အဝေးသင် ပထမနှစ်၊ နိုင်ရဲဦးမှာ သံတွဲ၊သရက်ပင်ကွင်းရွာ ဦးအောင်ထွန်း ကြည်၏ သားဖြစ်ပြီး စစ်တွေ အဝေးသင် သမိုင်ပထမနှစ် နှင့် ခိုင်ဇော်ဆန်း ( အသက်- ၁၇နှစ်)မှာ ၁၀ တန်းကျောင်း သား ဖြစ်ပြီး သံ တွဲ ကြေးနန်း ရုံးမှ ဦးမင်းဇော်၏ သားဖြစ်ကြောင်းသိရသည်။

အဆိုပါဖမ်းဆီးခံနေရသူ ကျောင်းသား(၃) ဦးအား လာမည့်သြဂစ်လ ၉ ရက်နေ့တွင် ထပ်မံရုံးချိန်း ထား ကြောင်း သတင်းရရှိသည်။

No comments: