Monday, July 30, 2012

သံသယ ဖြစ်ဖွယ်ရာ လူသေ အလောင်း ဆေးမစစ်ဘဲ သဂြိုလ်

ထွန်းထွန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ တစ်ရွာမှ ကျွဲရှာရင်း ပျောက်ဆုံးနေ သူ တစ်ဦး၏ အလောင်းအား ဇူလိုင်လ ၂၇ ရက် နေ့က ချောင်းထဲမှ ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် ဆေးစစ် ရန် မြို့ နယ် ဆေးရုံသို့ မပို့ဘဲ သဂြိုလ်လိုက် သည်ဟု သိရ သည်။

“ အမှန်ဆိုရင် သူဘယ်လို သေသွားတယ်ဆိုတာကို မြို့နယ် ဆေးရုံကို ပို့ပြီး ဆေး စစ်ဖို့ ကောင်းပါ တယ်။ ဒါမှ သူရေနစ် သေသွားတာ လား၊ မဟုတ်ရင် အသတ်ခံ ပြီး သေဆုံး သွားတာလား ဆိုတာကို သဲသဲကွဲကွဲ သိနိုင်မှာ ဖြစ်ပါတယ်။ အခုတော့ နစက တာဝန်ရှိသူတွေရဲ့ အမိန့်နဲ့ အလောင်းကို ရှာဖွေတွေ့ပြီး နောက်ပိုင်းမှာ ချက်ချင်းဘဲ မြေမြုပ် သဂြိုလ်လိုက် ပါတယ်” ဟု နေဗီဆိပ် ရွာသား တစ်ဦးက ပြော သည်။

ရသေ့တောင်မြို့နယ် မယူကမ်း နေဗီဆိပ်ကျေးရွာမှဦးဦသာမောင်(၅၈ နှစ်) သည် ကျွဲပျောက် သည်ကို ရှာဖွေရန်အတွက် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့် က အိမ်မှ ထွက်သွားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် အိမ်သို့ ပြန်မရောက် ဘဲ ပျောက်ဆုံးနေကြောင်း၊ သော ကြာနေ့ နံနက် ၇ နာရီတွင် သူ့အလောင်းအား နေဗီဆိပ်ကျေးရွာအနီးရှိ ညောင်ပင်လှရွာ ဖေါင်တော်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

“ သူက အဲဒီနေ့ ညနေပိုင်းက ကျွဲတွေကို ရှာဖို့ ဆင်အိုးချောင်းကို ဖြတ်ပြီး တစ်ဘက်ကမ်းကို ကူး သွားတာကို တစ်ခြားလူတွေက မြင်လိုက် တယ်။ ဒါပေမယ့် ပြန်လာတာကိုကျတော့ လူတွေက မမြင်လိုက်တော့ဘူး။ ခါတိုင်းဆိုရင် ညနေ ၆ နာရီ၊ ၇နာရီဆိုရင် အိမ်ကို ပြန်ရောက်တယ်။ အဲဒီနေ့က ပြန်မရောက်လာတဲ့ အတွက် မိသားစုတွေက ညနေ ၉ နာရီကျော်မှာ ရွာသား တွေကို အကြောင်း ကြားတယ်။ ကျေးရွာသားတွေက လည်း လုံခြုံရေး အခြေအနေတွေကြောင့် အပြင်ကို ထွက်မရှာ နိုင်တာကြောင့် ရွာ နီးချုပ်စပ်မှာဘဲ ရှာကြတယ်။ မနက်မိုးလင်းတော့ ရွာ အနီး တ၀ိုက်ကို ဆက်ရှာ ကြတယ်။ မတွေ့ဘူး။ ဒီနေ့ သောကြာနေ့မနက်မှဘဲ အ လောင်းကို ညောင်ပင်လှ ဖေါင်တော် အောက်က ရေထဲမှာ တွေ့ရပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးသာမောင်မှာ ရိုးရိုး ရေနစ်သေတာလား၊ မွတ်ဆလင်ရွာသားများက သတ်၍ သေသလားဆိုတာကို ရွာသားများအနေဖြင့်မပြောနိုင် ကြောင်း သူက ပြောသည်။

“ ကျွန်တော်တို့ ရွာနဲ့ သိပ်မနီးမဝေးမှာ ဘဲလာမိ၊ သံတူရွာနဲ့ ပြိုင်းတောင်ဆိုတဲ့ မွတ်ဆလင် ရွာ တွေရှိ ပါတယ်။ သူတို့က သတ်ပြီး ရေထဲပစ် ချတာလား။ ဒါမှမဟုတ် ချောင်း ကို ဖြတ်ကူးရင်နဲ့ သေတာလား။ ကျွန်တော်တို့ အတိအ ကျ မပြောနိုင်ပါဘူး။ အတိအကျ မသိဘဲနဲ့လည်း သံသယနဲ့ စွပ်စွဲတာတော့ မကောင်းပါဘူး။ ဆရာဝန်တွေဘဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ ဆေး စစ်ရင်တော့ သိနိုင်မှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

သွေးရိုးသားရိုး မဟုတ်ဘဲ သေဆုံးသူ တစ်ဦးကို နစက တာဝန်ရှိသူများက သေမူသေခင်းအရ တစ်စုံတစ်ရာ အမူ မဖွင့်သည့်အပြင် သက် ဆိုင်ရာ မြို့နယ် ဆေးရုံသို့ ဆေးစစ်ရန် မပို့ဘဲ သဂြိုလ် လိုက်သည့် အပေါ် ရွာသားများက နားမလည်အောင် ဖြစ်နေသည် ဟု လည်း သူက ပြောပြသွားသည်။

No comments: