Friday, July 27, 2012

အရေးပေါ် အခြေအနေ သြဂုတ်လ ၈ ရက်နေ့ကုန်မည်ဟု စစ်တပ်ပြောဆို

သဇင်ဥ

ရခိုင်ပြည်နယ်အတွင်းဇွန် ၈ ရက်နေ့ကစတင်ဖြစ်ပွားသည့်ပဋိပက္ခကြောင့် ထုတ်ပြန်ထားသော အရေးပေါ်အခြေအနေမှာ လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း ပြည်နယ်စစ်တပ်သတင်းများက ဆိုသည်။

တခြားသတင်းများက ရခိုင်ပြည်နယ်အတွင်း ထုတ်ပြန်ထားသည့် အရေး ပေါ်အခြေအနေမှာ အကန့်အသတ်မရှိ ထုတ်ပြန်ထားခြင်း ဖြစ် ကြောင်း နှင့်နောက်ထပ်ဥပဒေတစ်ခု မထုတ်မပြန်ချင်း တည်ရှိနေမည် ဖြစ်ကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် ထုတ်ပြန်ထားသည့် အခြေအနေနှင့် ပတ်သက်၍ မေး မြန်းရန် ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ဦးထိန် လင်းအား ဖုံးဆက်ခဲ့သော်လည်း ဖုံးကိုင်ပြီး စကားမပြောဘဲ အကြိမ်ကြိမ် ဖုန်းချသွားခဲ့သည်။

မောင်တောမြို့ ဆိပ်ကမ်းမှ စီးပွားရေးသမားတစ်ဦးက "တကယ်လို့ အဲဒီအရေးပေါ် အခြေအနေက သြဂုတ်လ ၈ ရက်နေ့မှာ ကုန်ဆုံးမယ်ဆို ရင်ထပ်ပြီး စိုးရိမ်စရာတွေ ခုကတည်းက ဖြစ်လာနိုင်ပါတယ်၊ ဒီနေ့အခြေအနေမဟန်လို့ ဒုက္ခ သည်တွေ မိမိနေအိမ်မပြန်နိုင်တဲ့ အနေအထား ပါ၊ ကျောင်းတွေတောင်မဖွင့်သေးဘူး၊ ဈေးတွေလည်းဒီအတိုင်းဘဲ၊ အားလုံးက စိုးရိမ်မ ကင်းကြဘူး၊ မယုံကြည်ကြဘူး၊ အတိအကျ တော့ မသိဘူး၊ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိပါတယ်၊ လုံခြုံရေးတွေလည်း လုံခြုံမှုအရ အလုပ်ရှုပ်နေ ကြပါတယ်။"ဟု သူ၏ အမြင်ကို ပြောသည်။

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှ ကျောင်းဆရာတစ်ဦးက "ဒုက္ခသည်တွေက မိုးရေထဲမှာ တော်တော့ကိုဒုက္ခ တွေ့နေတဲ့အချိန်ပါ။ မိုး လည်းမစဲ အိမ်မရှိတော့တဲ့ ဒုက္ခပါ။ အခုရှိနေတဲ့ အခြေအနေလုံခြုံရေးတွေကို ပြန်ရုပ်ဖို့၊ ထုတ် ပြန်ထားတဲ့ဥပဒေကိုရုပ်သိမ်းက ဘယ်လိုမှ မဖြစ် နိုင်ပါဘူး။"ဟု ပြောသည်။

မောင်တောမြို့နယ်မှ အမည်မဖေါ်လိုသူ ကျောင်းသူတစ်ယောက်က "ဟုတ်ပါတယ် အဲဒီ အရေး ပေါ်ထုတ်ပြန်ထားတဲ့ ဥပဒေကို ရုပ်သိမ်းဖို့ ကြားပါတယ်၊ အခက်အခဲတွေ ဘယ်လိုတွေ့လာရမလဲဆိုတာ လူတိုင်းစဉ်းစားကြည့်ရင် သိနိုင် ပါတယ်၊ ကျမက ကျောင်းသူကလေးမို့ သိပ်ပြီး ခန့်မှန်းဖို့ခက်ပါတယ်။"ဟု ပြောသည်။

ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းမှု ရက်ပေါင်း ၄၈ ရက်ကြာမြင့်လာသော်လည်း ယခုအချိန်ထိ လုံခြုံရေး စိတ်မချရ သေး ကြောင်း စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးကပြောသည်။

ရခိုင်ဒုက္ခသည်များ အနေဖြင့် နေအိမ်ကျေးရွာများသို့ မပြန်သူများရှိနေကြောင်း၊ မိမိနေအိမ်ကျေးရွာများသို့ ပြန်သွားပြီး လုပ်ကိုင်စား သောက် ရန် လုံးဝလုံခြုံမှုမရှိကြောင်းနှင့် ဒေသခံများ၏ လုံခြုံရေးမှာ အဓိက ဖြစ်နေကြောင်း ယင်းကျောင်းသားဟောင်းက ပြောသည်။

"တက္ကသိုလ် ကျောင်းသား/သူများ၊ ပါတီတွေ၊ လူထုတွေကအစ စိုးရိမ်နေကြရသေးပါတယ်၊ ဒီအ ရေးပေါ်ထုတ်ပြန်ထားတဲ့ အခြေအနေကို ရုတ်သိမ်းမယ်လို့တော့ မကြားသေးပါဘူး၊ လုံခြုံရေးတွေက သတိအနေအထားရှိတာကို တွေ့ရပါတယ်၊ အရေးပေါ်ထုတ်ပြန်ထားတဲ့ကိစ္စ ရုပ် သိမ်းဖို့ သိပ်ပြီးမဖြစ်နိုင်ပါဘူး။"ဟု သူကပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများ အနေဖြင့် ရိက္ခာများကို နည်းမျိုးစုံဖြင့် စုဆောင်းလျက်ရှိနေကြောင်း၊ မောင်တောမြို့နယ်တွင် နစက အရာ ရှိ များက စခန်းနှင့် ဒေသရိက္ခာများအား စီစဉ်စုဆောင်းပြီး ဘင်္ဂလီများအား အမြတ်ရရှိရေးအတွက် ထုတ်ရောင်းချလျက် ရှိနေကြောင်းနှင့် ဘင်္ဂ လာဘက်မှ ရိက္ခာများအား ဒေသအာဏာပိုင်များက လုံးဝပိတ်ပင်ထားကြောင်း စုံစမ်းသိရှိရသည်။

ယင်းဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင်း နယ်စပ်ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး ဦးအောင်ကြီး ကုဋေပေါင်းများစွာ ရရှိသွားခဲ့ကြောင်း မောင်တော ဒေ သခံများက ပြောသည်။

ရန်ကုန်မြို့ သတင်းရပ်ကွက်တစ်ခုက "သူတို့တွေ ဒီက မြန်မာပြည်သူတွေရဲ့ ခံစားချက်ကိုလည်း နားလည်စေချင်တယ်..ကျွန်တော်မနေ့က ကလေးတစ်ယောက်ကို အေဘီစီမှာ ကွန်ပြူတာ သင်ပေးပြီးပြန်တာ နောက်ကျပြီး ဘတ်စ် ကားမရတာနဲ့ လမ်းလျှောက်ပြန်ခဲ့တယ်၊ ရုံးလေး မှတ်တိုင်မှာရှိတဲ့ ဗလီက သေးသေးပါ၊ အရင်က ဗလီတက်တဲ့ အချိန်ဆို အနီးအနားက လူတွေပဲလာတာမို့ သိပ်မစည်ကားပါဘူး၊ မနေ့က တော့ ကားကောင်းကားသန့်တွေအစီး ၃၀ လောက်ရပ်ထားတာတွေ့လို့ ဆိုက်ကား ဆရာတစ်ယောက်ကိုမေးကြည့်တော့ ဆုတောင်းပွဲ လား၊ ဆွေးနွေးပွဲလားမပြောတတ်ဘူးတဲ့၊ ရခိုင်ကိစ္စဖြစ်ကတည်းကပဲတဲ့၊ အဲလိုပိုက် ဆံပေါတဲ့ ဘင်္ဂလီမူဆလင်တွေက လာလာပြီး ဟောကြပြောကြ တာလားတော့မသိဘူးတဲ့ဗျာ၊ သူတို့တွေက အဲလို စုရုံး၊ စုရုံးလုပ်နေတာ လူမျိုးအတွက်ကြောင့်မဟုတ်ဖူး၊ ဘာသာတူ ကြောင့် လုပ်နေတာ"ဟု သတင်းပေးချက်အရ သိရှိရသည်။

ယင်းပဋိပက္ခအတွင်း နေအိမ်စုစုပေါင်း ၂၈၂၅ အိမ်၊ သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရရှိခဲ့သူ ၃၈ ဦး၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဗလီ ကျောင်း ၇ ခု၊ ဒုက္ခသည်စခန်း ၃၇ နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း ၉၀၀၀၀ ခန့်ရှိခဲ့ကြောင်း နယ်စပ်ရေးရာလုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ဦးထိန်လင်းက ပြောဆိုခဲ့သည်။

စစ်တွေမြို့က အမျိုးသမီးတဦးက "အဲဒီကိစ္စက သြဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်တာ ၂ လပြည့်ဖို့ဖြစ်ပါတယ်၊ ကျမတို့ကြားတာက လုံခြုံ မှု မရှိဘူး၊ အဲဒီအရေးပေါ်ထုတ်ပြန်ထားတဲ့ အခြေအနေကို နောက်ထပ် ၂လ တိုးပြီးစုစုပေါင်း ၄ လအထိထားရှိမယ်လို့ ကြားနေရပါ တယ်၊ တကယ့်လို့ ရုပ်သိမ်းခဲ့ရင် ပြဿနာတွေ သောင်းခြောက်ထောင်တက်လာမှာ သေချာပေါက်ဖြစ်နေပါတယ်။"ဟု ရှင်းပြသည်။

No comments: