Monday, July 30, 2012

စိုင်းနော်ခမ်း၏လက်ထောက်အားတရုတ်ထံလွှဲအပ်ရန် မြန်မာအစိုးရငြင်းဆန်

သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသ မူးယစ်ရာဇာဟု နာမည်ကြီးသည့် စိုင်းနော်ခမ်း၏ ဒုတိယလက်ထောက် အား တရုတ်အစိုးရထံ လွှဲအပ်ရန် မြန်မာအစိုးရ ငြင်း ဆန် လိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“တရုတ်အဆင့်မြင့်အရာရှိတဦးက စိုင်းအောင်မြတ် ကို တရုတ်အစိုးရထံလွှဲပေးဖို့ မြန်မာအာဏာပိုင်ဆီကိုလာရောက်တောင်းခံတယ်။ မြန်မာ အစိုးရက လက်မခံဘူး၊ အမှုစစ်ချင်ရင်တော့ သွားတွေ့ပြီးစစ်ဆေးမေးမြန်းနိုင် တယ်လို့ မြန်မာအစိုးရ တရုတ်ကို ပြောလိုက် တယ်လို့ကြား တယ်” - ဟု အဆိုပါနီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါသည်။

စိုင်းနော်ခမ်း၏ဒုတိယလက်ထောက် စိုင်းအောင်မြတ်အား မဲခေါင်မြစ်အတွင်း တရုတ်အမျိုးသား ၁၃ ဦးသေဆုံးမှုအတွက် စစ်ဆေးရန် ယနေ့ ရန်ကုန်မှတဆင့် သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်လာသည်ဟု မိသားစုနှင့် နီးစပ်သူ တဦးကပြောပါ သည်။

“စိုင်းအောင်မြတ်ဟာ မြန်မာအစိုးရထံလက်နက်ချပြီးတဲ့သူဖြစ်တယ်။ မြန်မာနိုင်ငံသား လဲဖြစ်တယ်။ အဲဒါ ကြောင့် တရုတ်လက်ကို လွဲမပေးနိုင် ဘူးတဲ့၊ အဲဒီအတွက်ကြောင့် စိုင်းအောင်မြတ်ကို အမှုကြားနာရင်အဲဒီ တရုတ် အရာရှိတွေ ကိုယ်တိုင် တက်ရောက်ကြား နာမယ်ထင်တယ်” - ဟု မြန်မာအာဏာပိုင်နှင့်နီးစပ်သည့် ကျိုင်းတုံရောက် တာချီလိတ် မြို့ခံတ ဦးက ပြောပါသည်။

ဂျူလိုင် ၂၃ ရက်နေ့ထုတ် ထိုင်းနိုင်ငံ မတိချွန်း သတင်းစာ၌ ထိုင်းရဲချုပ် ဖြိုးဖန်း ဒါးမားဖုန်းထံ တရုတ် လုံခြုံရေး အရာရှိကြီးတဦး ဖြစ် သည့် လျိုယွဲ့ကျင်း ကအလည် အပတ် ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ တရုတ်အရာရှိသည် မြန်မာနိုင်ငံသို့မကြာမှီသွားရောက်မည် ဖြစ်ပြီး တရုတ် ၁၃ ဦးအား သတ်ဖြတ် ရာတွင် ပတ်သက်ခဲ့သည့် တရားခံ (စိုင်းအောင် မြတ် ဟု ယူဆရသူ) “ဘောမြ” အား မြန်မာအစိုးရထံမှ သွားရောက်လွှဲ ယူမည်ဟု ပြော ကြားကြောင်း - ရေးသားပါသည်။

No comments: