Friday, July 27, 2012

ကျောက်တော်မြို့ နယ်သုံးခွကျေးရွာတွင်ဘင်္ဂါလီမူဆလင်ဝင်ရောက်ခြိမ်းခြောက်

ရွှေဘန်း(စစ်တွေ)

ကျောက်တော်မြို့ နယ်နှင့် ၁၀မိုင်ကွာဝေးသော ပြိုင်းချောင်းဆည်အနီး သုံး ခွကျေးရွာတွင် ဇူလိုင်၂၄ရက် နေ့လည်၃နာရီအချိန်ခန့်တွင် သုံးခွကျေး ရွာအနီးမှဘဂါင်္လီများနေထိုင်သော ဆင်တောင်နှင့် ခြစ်ယားကျေးရွာ မှ ဘဂါင်္လီ၂၇ယောက်သည် ၄င်းရွာတွင် နွားပျောက် သည်ဟုအကြောင်းပြ ပြီးသုံးခွကျေးရွာသို့ လာရောက် ခြိမ်းခြောက် ပြောဆို သွားကြောင်း သ တင်း ရရှိသည်။

“ဇူလိုင်လ ၂၄ရက် နေ့လည်(၃)နာရီတွင် ဘင်္ဂလီမူဆလင် ၂၇ယောက် ရောက်ရှိလာပြီး သူတို့ရွာ မှနွားပျောက်တယ်လို့ အကြောင်းပြပြီး နွားရှာ ပေးဖို့ လာပြောတယ်၊ ကျနော်တို့ကလည်း တစ်ကယ်ပျောက် တယ်ထင် ပြီးရှာပေးမယ်လို့ ပြောလိုက်ပြီး ဘယ်မှလည်း မတိုင်ဘူး ကျနော်တို့ က သဘောရိုးနဲ့ ဒီအတိုင်းဘဲနေလိုက်တယ် နောက်နေ့ နေ့လည်လောက်ကျတော့ တစ်ခါထပ်ရောက်လာပြီးကျနော်တို့ရွာကိုဝိုင်းတယ်နောက် ပြီးတော့သုံးဖွဲ့ ခွဲပြီးရွာထဲကိုဝင်ရှာတယ် မတွေ့ တဲ့အခါကျတော့ ငါတို့နွားကို မရရင် မင်းတို့ရခိုင်တွေကို သုံးပိုင်းပြီးယူသွားမယ်ဆိုပြီးအော် ဟစ်ပြီးတော့ခြိမ်းခြောက်တယ်ကျနော်တို့ကလည်းဘာမှပြန်မပြောနိုင်ဘူး၊ ကျနော်တို့ တစ်ရွာလုံးကလေး၊ မိန်းမ၊ လူကြီးပေါင်းမှ အယောက် ၁၅၀လောက်ဘဲရှိတာ သူတို့မှာကယောင်္ကျားကြီးဘဲ၂၀၀လောက်ဆို တော့ ဘာမှမတတ်နိုင်ဘဲ သူတို့ပြောတာကို ဒီအတိုင်းဘဲ နားထောင် နေလိုက်ရတယ်”ဟု သုံးခွရွာသားတစ်ဦးမှပြောသည်။

အဆိုပါသုံးခွရွာမှ မိန်းမနှင့်ကလေးစုစုပေါင်း၉၂ယောက်သည်ကျောက်တော်မြို့ ထဲသို့ ရောက်ရှိနေပြီး ကျောက်တော်မြို့ ခံသားများမှ စောင့် ရှောက်ပေးလျက်က်ရှိရာ၊ အဆိုပါရွာသို့ ဇူလိုင်လ ၂၆နေ့ နံနက်တွင်ကျောက်တော်တပ်ရင်းမှ တပ်သားများနှင့်ရဲတပ်ဖွဲ့ ဝင်များမှ သွား ရောက် စစ်ဆေးလျှက်ရှိကြောင်းR.N.D.P မှပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ဦးစောငြိမ်းမှ ARAKAN Times ကိုပြောသည်၊၊

ဦးသိန်းစိန်အစိုးရမှ ရခိုင်ပြည်နယ်အတွင်း အခြေအနေများအားလုံး ငြိမ်းချမ်းတည်ငြိမ်သွားပြီဟု အဓိကရုဏ်းဖြစ်ကတည်းက ထုတ်ဖော် ပြော ဆိုနေခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလီမူဆလင်များ၏ အကြမ်းဖက်ရန်ကြိုးစားနေမှုများကို လုံးဝရပ်တန့်စေရန် မဖော် ဆောင်နိုင် သေးကြောင်း ရခိုင်တိုင်းရင်းသားပြည်သူများက ပြောဆိုနေကြပြီး ယခုအချိန်ထိ စိုးရိမ်ကြောင့်ကြမှုများရှိနေသေးကြောင်း သိရှိ ရသည်။

No comments: