Tuesday, July 24, 2012

လုံးဝပိတ်ထားသည့် ဈေးဆိုင်များအား အရေးယူမည်ဟု သက်ဆိုင်ရာကပြောဆို

သဇင်ဥ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဇွန် ၈ ရက်နေ့က စတင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင်း ယခု ထိရခိုင်-ဘင်္ဂလီ ဈေးဆိုင်များ ပိတ်ထားခဲ့သည်မှာ ကြာမြင့်လာသောကြောင့် လာမည့် ၂၆ ရက်နေ့မဖွင့်လျင် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောဆိုနေကြသည်ဟု သတင်းများထွက်ပေါ်လာနေကြောင်း မောင်တောမြို့ ဒေသခံ ၀န်ထမ်း တဦးကပြောသည်။

“ သက်ဆိုင်ရာကနေ သူတို့ဈေးဆိုင်တွေကို ဖွင့်ကြပါစို့၊ လုံခြုံနေပြီဖြစ်တယ်၊ ပဋိပက္ခမဖြစ်ရအောင် ထိမ်းထားနိုင်ပြီလည်းဖြစ်တယ်၊သူတို့ ဆို တာက ကုလားတွေပါ၊ ပုံမှန်အနေအထားကို ထိမ်းဖို့ရွယ်ရည်ချက်နဲ့ပါ၊ ဈေးတိုင်းမှာတော့ သူတို့ဆိုင်တွေကများပါတယ်၊အခုကကြာလာလေ လေထွက်ပြေးတိမ်းရှောင်နေသလို ဖြစ်နေတယ်၊ နောက်ပြီး ခဏခဏ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနေတယ်၊ ဒါကိုမသင်္ခါဘူးဆိုပြီး ဒီ ၂၆ ရက်နေ့မဖွင့်ရင် ဆိုင်တွေကို သိမ်းမလား၊ ဘာလုပ်မလဲ၊ အရေးယူမလားတော့ အတိ အကျမသိသေးပါဘူး၊ ဆိုင်ကိုတော့ ဖွင့်နိုင်ပါတယ်၊ အ ဓိကတော့ ဆိုင်ကြီး အ၀တ်အထည် ကုန်စုံဆိုင်တွေပါ၊ သာမန် စားကုန်ဆိုင် တွေ တော့ ဖွင့်ပါတယ်၊ ဒီအထည်ဆိုင်က လူတွေပျောက်နေ တယ်၊ ပြီးတော့ ဘာဖြစ်လို့ဆိုင်မဖွင့်တာလဲပေါ့၊ ဒါပေမဲ့ဒီသတင်းက အရပ်ထဲက ထွက်တာ မဟုတ်ပါဘူး၊ လုံခြုံရေး ယူထားတဲ့ စစ်တပ်က ထွက်တာပါ။ ” ဟု အမည်မဖေါ်လိုသူ ၀န်ထမ်းတဦးက အတည်ပြု ရှင်း ပြသည်။

၎င်းက တချို့ဈေးဆိုင်များမှာ အခြေအနေအရ ဈေးဆိုင်များ ဖွင့်၍ရောင်းချနေကြောင်းနှင့် ပိတ်သည့်နေ့များလည်း ရှိနေကြောင်း ဆို သည်။

“ ဈေးဆိုင်တချို့ဆို ဖွင့်ပြီးရောင်းနေကြပါပြီ၊ မနက် ၁၀ နာရီကနေ ၁ နာရီ အခြေအနေကိုကြည့်ပြီး ဆိုနိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီဆိုင်တွေလည်း သူများတွေ မဖွင့်တော့ မရဲတရဲဖွင့်နေကြတာ ဖြစ်ပါတယ်၊ အခုက ဖွင့်တဲ့ဆိုင်တွေဆိုရင် သောင်းကျန်းသူတွေထဲ မပါဝင်ခဲ့လို့ ဖွင့်တာ၊ ကရင် တန်းခေါ်တဲ့ ကုလားဈေးကတော့ နည်းနည်းပါးပါး စည်နေပါပြီ၊ လုံးဝမဖွင့်တဲ့ သူ တွေကျတော့ ဒါရာဇ၀တ် မှုကျူးလွန်တဲ့ သူတွေလို့ ယူဆနိုင် တယ်သဘော ဒီမှာစကားတွေဖြစ်နေကြတယ်။ ” ဟု မောင်တော မြို့နယ် (၃)မိုင်ဂိတ်အနီး ရွှေတောင်မှ ဈေးဆိုင်သည် တဦးက ရှင်းပြသည်။

မောင်တောမြို့နယ်တွင် မြို့မဈေးကြီးနှင့် မီးစက်ခွဆုံဈေး၊ ရပ်ကွက်(၅)ဈေးများမှာ ယခုအချိန်ထိ စည်စည်ကားကား ဈေးရောင်းသူများ မရှိ သေးသော်လည်း ဘင်္ဂလီဈေးဖြစ်သော ကရင်တန်းဈေးမှာ လွန်ခဲ့သော ဇွန်လ တတိယအပတ်ကတည်းက စားကုန်ဆိုင်များ အနည်း ငယ် စည်ကား လျက် ရှိနေကြောင်း မြို့ခံများကပြောသည်။

“ စစ်တွေမြို့နယ်ကနေ တင်ပို့တဲ့ငါးတွေနဲ့ မောင်တောမြို့နယ် တောင်ပိုင်းက တင်ပို့တဲ့ ဟင်းသီး ဟင်းရွက်တွေကြောင့် သိပ်တော့ ဈေးမတက် ပါဘူး၊ ဒါပေမဲ့ အရင်ဈေးကြီးတွေမှာ၊ အိမ်တွေကိုလာရောင်းလေ့ရှိတဲ့ ကုလားငါးနဲ့ ဟင်း သီးတွေကတော့ လာမရောင်း ကြတော့ ဘူး၊ သူတို့က ကုလားရွာတွေမှာဘဲ သွားရောင်းနေကြပါတယ်၊ အာဏာပိုင်တွေကလည်း သူတို့ချင်သလို ဆန်ငါးသိုက်ထက် မရောင်းရ၊ မ၀ယ်ရအဲသလို လုပ်ချင်သလို လုပ်နေတယ်၊ တခါတလေတော့ ငါးနဲ့ဟင်းက ပြတ်တာတွေရှိ ပါတယ်။ ” ဟု မောင်တောမြို့ ဘုတ်ဆိပ်မှတဦးက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တည်ရှိသော ဘင်္ဂလာဘက်ခြမ်း တာခ်နာမြို့နှင့် ကော့စ်ဘဇားမြို့တို့ အ ကြား နေ့စဉ်နှင့် တပတ်နိုင်ငံကူးလက်မှတ်ဖြင့် သွားလာနေကြသည့် ကုန်သည်များမှာ ယခုအချိန်ထိ အရေအတွက် အနည်းငယ်သာ တွေ့မြင်ရကြောင်း နယ်စပ်မျက်မြင်များက ဆိုသည်။

မောင်တောမြို့နယ်တွင် ယမန်နေ့ကအထိ သေနပ်သံများ နေ့နှင့် ညဥ့်အချိန်တို့တွင် ကြားခဲ့ရကြောင်း၊ တိမ်းရှောင်နေကြသည့် အကြမ်း ဖက် သူများနှင့် သာမန်ဘင်္ဂလီအချင်းချင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများ ရှိနေကြောင်း၊ သောင်းကျန်းသူများကလုံခြုံရေးတပ်ဖွဲ့များ ကိုအငိုက် မိတိုက်ခိုက်ရန် စောင့်ကြည့်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်းနှင့် တခြားနယ်စပ်တွင် တိုက်ပွဲများ ဖြစ်သည်ဟု ကောလ ဟာ လသတင်းများ ထွက်ပေါ်လျက်ရှိနေကြောင်း မြို့ခံအများအပြားက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တခြားပဋိပက္ခဖြစ်ပေါ်ခဲ့သည့် မြို့ကျးရွာများတွင် အလှကုန်၊ အထည်ကုန်နှင့် စားကုန်ဆိုင်များမှာ အစုံအလင် ဖွင့်၍ ရောင်းချနေပြီဖြစ်ကြောင်း စစ်တွေမြို့မှ ကုန်သည်ကြီးတဦးက အတည်ပြုပြောသည်။

No comments: