Wednesday, July 18, 2012

ဦးဘရန်ရှောင်အား နှိပ်စက်စစ်ဆေးခြင်း တစ်စက်မှ မလုပ်ဟု တရားလို ဗိုလ်ကြီး ကျော်စွာလင်း ထွက်ဆို

KNG

ဖောက်ခွဲရေးဆိုင်ရာအမှုနှင့် တရားစွဲဆိုခံထားရသော ဦးလထော်ဘရန်ရှောင်အား အမှုကြားနာစစ်ဆေးရာတွင် တရားလိုဖြစ်သော စစ် ဖက် ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးကျော်စွာလင်းမှ ယမန်နေ့ ဇွန်လ ၁၆ ရက် တရားရုံးတွင် ဦးဘရန်ရှောင်အား ရိုက်နှက် နှိပ်စက် မှု လုံးဝမပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ဇူလိုင် ၁၁ ရက်နေ့ အမှုစစ်ဆေးရန်ချိန်းဆိုရာတွင် ပျက်ကွက်ခဲ့သည့် တရားလို ဗိုလ်ကြီးကျော်စွာလင်းသည် ယမန်နေ့တွင် အမှုကြားနာ စစ် ဆေးမှုတွင် လာရောက်ပြီး ဦးဘရန်ရှောင်အား ရိုက်နှက်စစ်ဆေးခြင်းမရှိကြောင်း တရားခွင်သို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ဦးဘ ရန်ရှောင်၏ ရှေ့နေ ဦးမာခါးပြောသည်။

“တရားရုံးမှာ ကျနော်ကမေးတယ်။ ခင်ဗျားတို့ စရဖတွေ အနေနဲ့ မသင်္ကာပြီး ဖမ်းတဲ့လူတွေကို ရိုက် နက် နှိပ်စက်လို့ရလားလို့မေးတယ်။ အဲ တော့ မရဘူးတဲ့။ ဒါဆိုရင် ဦးဘရန်ရှောင်ကို နင်တို့နှိပ်စက်ထားတာ မဟုတ်လားလို့ပြန်မေးတော့ နှိပ်စက်တာမျိုး တစ်စက်မှမလုပ်ဘူး။ လုပ် ထုံးလုပ်နည်းအရ စစ်ဆေးမေးမြန်းတာပဲလုပ်တယ်ဆိုပြီးပြောတယ်” ဟု ဦးမာခါးက ပြောသည်။

ဇွန်၁၁ ရက်နေ့တရားရုံးကြားနာစစ်ဆေးမှုတွင် ဦးလထော်ဘရန်ရှောင်မှ သူ့ကိုယ်ပေါ်ရှိဒဏ်ရာများကို တရားသူကြီးရှေ့ပြသခဲ့ရာတွင် ပါး ဘယ်ညာတွင် ဓါးကိုမီးအပူပေးပြီး ကပ်ထားပေးသောဒဏ်ရာ၊ ပေါင်တွင် ဓားဖြင့် လှီးထားပေးသောအရာနှင့် ခြေတလုံး အရေခွံကွာ ထား ပေးသော ဒဏ်ရာနှင့် ချက်ပေါ်ရှိ ဒဏ်ရာ များကို ပြသခဲ့ကြောင်းသိရသည်။

သို့ရာတွင် ဗိုလ်ကြီးကျော်စွာလင်းမှ ဦးလထော်ဘရန်ရှောင်သည် ၂၀၀၄ မှ ၂၀၁၁ ထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လိုင်ဇာဌာနချုပ် တွင် ဒုတပ်ကြပ် ရာထူးထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဆဒုံးဘက်သို့ ဘိန်းခင်းဖျက်ဆီးရှင်းလင်းရာတွင် လိုက်ပါခဲ့ကြောင်းနှင့် ၂၀၁၀ တွင် မိုင်း ခွဲသင်တန်းတက်ခဲ့ပြီး ၂၀၁၁ တိုက်ပွဲဖြစ်ပွားချိန် ဒဏ်ရာရသူများအား ဆေးကုသပေးခဲ့ပြီးနောက်၂၀၁၁ ဇူလိုင်လတွင် ဂျန်မိုင် ကောင် ဒုက္ခ သည် စခန်းတွင် ခိုလှုံလာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟုဆိုသည်။

ထိုသို့ထွက်ဆိုခဲ့ခြင်းသည် အာဏာပိုင်များမှ ညှင်းပန်းနှိပ်စက်စစ်ဆေးမှုဒဏ်ကိုမခံနိုင်သောကြောင့် ဦးလထော်ဘရန်ရှောင် ထိုသို့ပြောဆို ခဲ့ ခြင်းဖြစ်သည်ဟု ဦးမာခါးကပြောသည်။

“ဦးဘရန်ရှောင်က စစ်သားလည်းမလုပ်ဖူးဘူး။ KIO နဲ့ဆက်သွယ်တာလည်း မရှိခဲ့ဖူးဘူး။ သူတို့အနေ နဲ့ အရမ်းနှိပ်စက်ထားတော့ မခံနိုင်လို့ လိုက်ပြောထားတဲ့ စကားတွေလေ။ဦးဘရန်ရှောင်ပြောတဲ့စကားဖြစ်တယ်ဆိုပြီး ပြောတဲ့စကားလေ။ သူတို့အနေနဲ့ သက်သေတွေ့တာ ဘာ မှမရှိဘူးလေ။ သူတို့ဖမ်းထားပြီး နိပ်စက်ပြီးမှ မေးထားတဲ့စကားတွေကိုပဲ အခု တရားရုံးမှာ တရား စွဲတာလေ” ဟုဆိုသည်။

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းမှ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ ရဲတပ်ဖွဲ့များ ကဖောက်ခွဲရေးဆိုင်ရာ (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှုနှင့်ဆက်စပ်၍ စစ်ဆေးရန် ဦးလထော်ဘရန်ရှောင်အား ဇွန်လ ၁၇ ရက် ညတွင် ဖမ်းဆီးသွားခဲ့ပြီးနောက် ညှင်းပန်းနှိပ်စက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံများပြောသည်။

ဦးလထော်ဘရန်ရှောင်အား KIO နှင့်ဆက်သွယ်ပြီး မြို့ပေါ်တွင် ဗုံးပေါက်ကွဲနေသူအဖြစ် စွပ်စွဲမှုကိုမူ ဖောက်ခွဲမှုမရှိခဲ့ကြောင်း ဗိုလ်ကြီး ကျော် စွာလင်း ထွက်ဆိုခဲ့သည်ဟုသိရသည်။

အမှုကြားနာစစ်ဆေးသည့် အချိန်တွင် တရားသူကြီး ဦးမြင့်ထူးက တရားခွင်သို့ ပြည်သူများအား မည်သူ့ကိုမျှ နားထောင်ခွင့် မပြုပဲ ဦးဘ ရန် ရှောင်၊ ရှေ့နေဦးမာခါး၊ ဥပဒေအရာရှိနှင့် တရားလို ဗိုလ်ကြီးကျော်စွာလင်းတို့ ၄ ဦးသာ တရားခွင်သို့ဝင်ခွင့်ပေးခဲ့သည်။ လာမည့် ဇူ လိုင်လ ၂၃ ရက်နေ့တွင် ရုံးချိန်း ထပ်ပေးလိုက်သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကချင်နှစ်ခြင်းအသင်းချုပ် KBC မှ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ဦးဘရန်ရှောင်အား လွှတ်ပေးရန် ဇူလိုင်လ ၁၂ ရက် နေ့ပေးပို့ခဲ့သည်စာတွင်လည်း စစ်ပြေးဒုက္ခသည်စခန်းတွင် ငြိမ်းချမ်းစွာမိသားစုနှင့် နေထိုင်လာသူ ဦးဘရန်ရှောင်အား ထို့သို့ရိုက်နှက် နှိပ်စက်ပြီး KIA ဖြစ်ကြောင်း ၀န်ခံခိုင်းသဖြင့် အချို့ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအချို့သည် ထွက်ပြေးသွားကြောင်း ကွင်း ဆက် အနေ ဖြင့် သိရသည်ဟု ဆိုထားသည်။

No comments: