Friday, June 19, 2015

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင် တစ်ဦးကို မြန်မာက ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်ဆင့်ခေါ်

ရိုက်တာ

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးကို မြန်မာဘက်က ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောပြရန် မြန်မာ သံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဇွန် ၁၈ တွင် ဆင့်ခေါ်ခဲ့သည်။

အဆိုပါတပ်ဖွဲ့ဝင်အား အချက်ခြင်း ပြန်လွှတ်ပေးရေးအတွက် မြန်မာအစိုးရအား ပြောကြားရန် သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို တောင်းဆိုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

နှစ်နိုင်ငံကို ခြားထားသော နတ်မြစ်တွင် မူးယစ်ဆေးဝါး မှောင်ခိုများနောက်ကို လိုက်လံရင်း နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်ရာမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရပြီး နောက်တစ်ဦးမှာ ဒဏ်ရာရခဲ့သည်။

No comments: