Thursday, June 11, 2015

အရက်မူးပြီး မိမိလည်ပင်းကို ပုလင်းကွဲနှင့် ထိုး၍ သေဆုံး

ကျော်စိုးမိုး

အရက်မူးနေသည့် အမျိုးသားတစ်ဦး မိမိလည်ပင်းကို ပုလင်းကွဲနဲ့ ထိုးသဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန် ၇ ရက်၊ နံနက် ၉ နာရီခန့်က လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ် ပြန်ထားသည်။

လှိုင်သာယာမြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ ဂန္ထဝင်လမ်းတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် အမျိုးသား တစ်ဦးသည် အရက်သောက်ပြီး အရက်ပုလင်းကွဲဖြင့် မိမိလည်ပင်းကို ထိုးသွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ထိုးသွင်းခဲ့သဖြင့် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ လေးချက်ရရှိပြီး ဆေးကူသမှု ခံယူရန် လှိုင်သာယာဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အလောင်းကို လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် လှိုင်သာယာမြို့မ ရဲစခန်းက သေမှု၊ သေခင်းအမှတ်စဉ် (၁၇/၁၅) ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

No comments: