Tuesday, June 9, 2015

ကြံ့ခိုင်ရေးမှ မဲရုံစောင့်ကြည့်မည့် ပါတီကိုယ်စားလှယ်များ နည်းဥပဒေများပို့ချ

ဖဲဘူး

ရွးကောက်ပွဲတွင် မဲရုံအနီးစောင့်ကြည့်လေ့လာမည့် ပါတီဝင်များ သိသင့်သည့် နည်းဥပဒေများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီကို သင်တန်း ပို့ချ ပေးလျက်ရှိသည်ဟု သိရသည်။

ဒီးမော့ဆိုမြို့တွင် ပါတီဝင်များကို ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများ ချပြသည့် ရွေးကောက်ပွဲ မန်နေဂျာ လုပ်ငန်းခွင် ဆင့်ပွားသင်တန်းကို ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဒီးမော့ဆိုမြို့ ကြံ့ခိုင်ရေး ပါတီရုံးတွင် ကျင်းပသွားခဲ့သည်။

"ဒီမှာရှိတဲ့ ကိုယ့်ရဲ့ ကိုယ်စားလှယ်လောင်းတွေ ဘာတွေ လုပ်ရမယ်ဆိုတာလေး ဘာတွေဆောင်ရွက်ရမယ် ဆိုတာလေး သင်တန်းပေးတာ" ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ လည်းဖြစ် လက်ရှိပြည်နယ် ဝန်ကြီးချုပ်လည်းဖြစ်သူ ဦးခင်မောင်ဦးက ပြောသည်။

ရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားသည့် အမိန့်၊ ညွန်ကြားချက်များကို စနစ်တကျ လိုက်နာရန်နှင့် လွဲချော်မှုများကြောင့် ပါတီကိုယ်စားလှယ်များကို ကန့်ကွက်ခြင်းများ မရှိနိုင်အောင် သင်တန်းပေးရခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

"ငါတို့ မဲရုံစောင့်ရှောက်ရမယ့်ဟာပေါ့။ သူ့ရဲ့စည်းကမ်းလေးတွေ ။ မဲရုံ စောင့်ရှောက်ရမယ့် ကော်မတီအဖွဲ့ လုပ်ရမယ့် စည်းကမ်းလေးတွေပေါ့" ဟု သင်တန်း တက်ရောက်လာသည့် ပါတီဝင် ဦးစိုးထွန်းကပြောသည်။

၎င်းသင်တန်းကို မြို့နယ်တိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးများ၌ မဲရုံစောင့် ကြည့်မည့် ပါတီဝင် ကိုယ်စားလှယ်များကို ပို့ချပေးလျက်ရှိသည်ဟု သိရသည်။

No comments: