Friday, January 27, 2017

တပ်မတော်သားကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲခန့်အပ်

အောင်ကိုကိုလတ်


လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ်အချို့ အစားထိုးပြောင်းလဲ ခန့်အပ်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်န၀ါရီလ ၂၆ ရက်နေ့စွဲနဲ့ ကြေညာပါတယ်။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကို အစားထိုးပြောင်းလဲခန့်အပ်ခဲ့တာပါ။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဒုတိယအကြိမ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်က ကိုယ်စားလှယ်တွေကို အမည်စာရင်း ပြောင်းလဲလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ကော်မရှင် (UEC) က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ပြန်လည် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

No comments: