Sunday, January 29, 2017

အစိုးရတပ်မတော် စွပ်စွဲပြောဆိုမှု မဟုတ်မှန်ဟု SSPP/SSA တုန့်ပြန်

SHAN


သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ဘိန်းခင်းဖျက်ဆီးသည့် အစိုးရတပ်မတော် စစ်ကြောင်းများ အား သျှမ်းပြည်တပ်မတော် SSPP/SSA မှ နှောင့်ယှက်တိုက်ခိုက်သည်ဆိုသည့် ကိစ္စက မဟုတ်မှန်ကြောင်း တပ်မတော်စစ်ကြောင်းများမှ စတင်တိုက်ခိုက်ပြီး SSPP/SSA အပေါ် အပြစ်ပုံချခြင်းသာဖြစ်သည်ဟု SSPP/ SSA မှ ပြောဆိုသည် ။

“အစိုးရပိုင် သတင်းစာကနေ အခုလိုထုတ်ပြန်တာဟာ ကျနော်တို့အဖွဲ့အပေါ် အသရေဖျက်တာဘဲ။ ဒီထုတ်ပြန်ချက်က တကယ်လဲ မမှန်ဘူး။ အခုတိုက်ပွဲဖြစ်တဲ့နေရာကလဲ ဘိန်းခင်းနဲ့လဲမဆိုင်ဘူး။ ကျနော်တို့ နဂိုကတည်းကနေလာတဲ့ တပ်စခန်းကို တပ်မတော် ခမရ ၃၇၉ စစ်ကြောင်း က လက်နက်ကြီးနဲ့ အရင်ထု ပြီး နာမည်ကောင်းရအောင် သတင်းထုတ်ပြန်တဲ့ သဘောဘဲဖြစ်တယ်။ဒီစစ်ဆင်မှုက ပြည်သူလူထုအသိဆုံးဘဲ”- ဟု ပြောခွင့်ရ ဗိုလ်မှူးဘုန်းဟန်က ပြောသည် ။

ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ် အစိုးရ ပိုင် ကြေးမုံ သတင်းစာတွင် မိုင်းရှူးမြို့နယ်အတွင်း တပ်မတော်သား များ၊ ရဲတပ်ဖွဲ့များ ဌာနဆိုင်ရာများ နှင့် ပြည်သူများပါဝင်သော ပူးပေါင်းက ဘိန်းခင်းများဖျက်ဆီးစဉ် SSA ၀မ့်ဟိုင်းအဖွဲ့က လက်နက်ကြီးလက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရေးသားဖေါ်ပြထား ခြင်းဖြစ် သည် ။

ထိုသို့ စွပ်စွဲရေးသားထားသည့်နောက်ပိုင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်တော် အခြေစိုက်ရာ ၀မ့်ဟိုင်းဌာနချုပ်အနီးသို့ အစိုးရတပ်များ အင်အားထပ်မံဖြည့်တင်း လာနေသည့် အပြင် ဂျက်ဖိုက်တာ အမျိုး အစား တိုက်လေယာဉ် MIG 29 အများအစား ၂ စီးအား ၀မ့်ဟိုင်း ဌာနချုပ် အပါအဝင်၊ သျှမ်းပြည်တပ် မတော် တပ်စခန်းတည်ရှိရာ ကျေးသီး မိုင်းရှူး၊ တန့်ယန်း မြို့နယ်အတွင်း ၃-၄ လာရောက်လှည့်ပတ် ပျံသန်း သည်ဟု ၀မ့်ဟိုင်းဌာနချုပ် အရာရှိများ ပြောပြချက်အရသိရသည် ။

အဆိုပါဒေသသည် လာမည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းရန်အတွက် ပြင်ဆင်နေထား သည့် မြို့နယ်များဖြစ်ကြသည် ။

ဇန်နဝါရီ ၂၁ ရက်နေ့က မိုင်းရှူးမြို့တောင်ဘက် ၃ မိုင်ကျော်အကွာ မိုင်းစံ – မိုင်းရှူးကြား ဝမ့်ပန်င ရွာအနီး လွယ်ကတ်တောင်ကြောရှိ SSPP/SSA တပ်စခန်းအား တပ်မတော်စစ်ကြောင်းမှ ၀င်ရောက် တိုက်ခိုက်ခဲ့သည် ။

တိုက်ပွဲတွင် တပ်မတော်ဘက်အပါဝင် သျှမ်းပြည်တပ်တော်ဘက်ကပါ ထိခိုက်နစ်နာသေဆုံးမှုများ ရှိကြသည် ။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်မထိုးရ သေးသော်လည်း ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေးလက် မှတ်ရေးထိုးသည် ။

No comments: