Sunday, January 29, 2017

တောင်ကြီးမြို့ သျှမ်း – အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုပြင်ဆင်ရေး အလုပ်ရုံဆွေးနွေး ပွဲအား ထောက်လှမ်းရေးများ အချိန်ပြည့်စောင့်ကြည့်သတင်းယူသည့်အတွက် တက်ရောက်သူများ စိတ်အနှောင့် အယှက်ဖြစ်

SHAN


သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ပေါ် ဟော်တယ်ကြီး ၆ ခု၌ ခေါင်းစဉ်ကြီး ၆ ခု သီးခြားခွဲကာ လုပ် ဆောင်နေသော ‘ သျှမ်း – အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ’ အကြိုပြင်ဆင်ရေး အလုပ်ရုံဆွေး နွေးပွဲအား စစ်ထောက်လှမ်းရေးများ ၊ ရဲအထူးသတင်းတပ်ဖွဲ့များ အချိန်ပြည့်စောင့်ကြည့်သတင်းယူသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု အစည်းအဝေးတက်ရောက်သူများပြောပြချက်အရ သိရသည် ။

တောင်ကြီးမြို့ – တောင်ကြီးဟော်တယ်၊ ရွိုင်ရယ်စတားဟော်တယ်၊ ဟတ်ဟွမ်ဟော်တယ်၊ BH ဟော် တယ်၊ ချယ်ရီကွင်းဟော်တယ် နှင့် 21 Century Hotel တို့တွင် နေရာတခု အနည်းဆုံး ၅ ယောက် နှုန်းဖြင့် စစ်ထောက်လှမ်းရေးအဖွဲ့များက သတင်းဓါတ်ပုံများ၊ ဗီဒီယို မှတ်တမ်းများ၊ လှုပ်ရှားသည့် ပုံရိပ်တိုင်း စောင့်ကြပ်ရိုက်ယူနေသည်ဟု သိရသည် ။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား နိုင်ငံတော်အစိုးရဦးဆောင်ပြီးကျင်းပမည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုအထောက်အကူပြုစေနိုင်ရေးအတွက် တတ်နိုင်သည့် ဘက်မှ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းသာ ဖြစ်သည့် အတွက် သက်ဆိုင် ရာဌာနများထံ အစိုးရဌာနများထံ တရားဝင်တင်ပြပြီး ကျင်းပရခြင်းဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည် ။

“ အဲ့ဒီအပေါ်မှာကျနော်တို့အနေနဲ့လုံးဝ စိတ်မကောင်းဘူး။ ပြောင်းလဲပြီ ဆိုပေမယ့် ၊ နိုင်ငံရေး စနစ် ပြောင်းလဲပြီဆိုပေမယ့် ကျနော်တို့လူနေမှုစနစ်ကြီးဟာ ကျနော်တို့သံသယဖြစ်စရာကောင်း လောက် အောင်ကိုအရင်ပုံစံနဲ့မခြား မကွဲမပြားဖြစ်နေတာ ကိုတော့ ကျနော်တို့စိတ်မကောင်းဘူး။ အဲဒီအတွက် သက်ဆိုင်ရာအစိုးရ သျှမ်းပြည်နယ်အစိုးရ ဌာနဆိုင်ရာတာဝန်ရှိပုဂိုလ်လူကြီးမင်းတို့ အားလုံး ဝိုင်းဝန်း ကြပ်မတ်ပေးကြပါ လို့ကျနော်တို့တောင်း ဆိုချင်ပါတယ်” – ဟု သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ်လဲဖြစ် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ CSSU အတွင်းရေး မှူးများအဖွဲ့ဝင်လည် ဖြစ်သည့် စိုင်းလိတ် ကပြောသည် ။

‘သျှမ်း – အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ’ အကြိုပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် – နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝ သယံဇာတ စသည့် ခေါင်းစဉ်ကြီးများဖြင့် ဆွေးနွေး လေ့ကျင့်သင်ယူခြင်းဖြစ်သည် ။

“ အစက သူတို့ ထောက်လှမ်းရေးမှန်းမသိဘူး။ သျှမ်းဘောင်းဘီတွေလဲ ဝတ်ထားတော့ ရှမ်းလိုသွား ပြောတော့ မသိဘူး။ သူတို့ဘယ်သူလဲ ဆိုတာ မသိတဲ့သူတွေလဲ ရှိတယ်။ သူတို့က ထောက်လှမ်းရေး မှန်းသိတော့ မေးချင်တာတွေ၊ သိချင်တာတွေ လွတ်လွတ်လပ်ဘယ်မေးရဲတော့မှာလဲ။ ဖုန်းနှစ်လုံးစီနဲ့ တလုံးက အချိန်ပြည့်ခေါ်ထားတယ်။ ကျန်တလုံးက ဓါတ်ပုံလိုက်ရိုက်တယ်” – ဟု အမည်မဖေါ်လိုသည့် ပုဂ္ဂိုလ်တဦးက ပြောသည် ။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပြီးစီးသွားပါက ဆိုင်ရာကိုယ်စားလှယ်များသည် အုပ်စု ၁၅ စုခွဲပြီး သျှမ်းလူမျိုးများနေထိုင်ရာမြို့များသို့ ကွင်းဆင်းကာ လူထု နှင့် တွေ့ဆုံနွေးသွားမည်ဟုသိရသည် ။

လူထုနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသောလူထုအသံများအား ‘သျှမ်း – အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ’ သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။ ရရှိလာသည့် ရလဒ်များအား ပြည်နယ် အဆင့်သို့သော်လည်းကောင်း၊ နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမည့် ၂၁ ရာစု ပင်လုံ (ဒုတိယအကြိမ်) ညီလာခံသို့သော်လည်း သျှမ်းအမျိုးသားထုအတွင် တင်ပြဆွေးနွေး သွား မည်ဖြစ်သည် ။

No comments: