သျှမ်းသံတော်ဆင့်
နမ့်ခမ်းမြို့နယ် လွတ်တော် ၃ ရပ်စလုံးတွင် ကျားဖြူပါတီ ကိုယ်စားလှယ်များက ကြံ့ဖွံ့ကိုယ်စားလှယ်များအပေါ် မဲအပြတ် အသတ်ဖြင့် အနိုင်ရကြောင်း ယနေ့ မဲစာရင်းချုပ်များအရ သိရသည်။
ပြည်သူ့လွတ်တော်တွင် ယှဉ်ပြိုင်သည့် ကျားဖြူပါတီမှ ဦးစိုင်းကျော်အုန်း၊ အမျိုးသားလွတ်တော်မှ စိုင်းတင်ဦး၊ ပြည်နယ် လွတ်တော်မှ ဆရာစိုင်းစောလှတို့ ၃ ဦး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွတ်တော်တွင် ကျားဖြူက ၂၁၃၅၀မဲ၊ ကြံ့ဖွံ့ ၁၁၃၂၄ မဲ၊ အမျိုးသားလွတ်တော်တွင် ကျားဖြူ ၂၁၅၈၃ မဲ၊ ကြံ့ဖွံ့ ၁၁၀၄၅ မဲတို့ဖြင့် အပြတ်အသတ်နိုင်ခြင်းဖြစ်ကြောင်း ကျားဖြူနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ပြည်သူ့လွတ်တော် ကျားဖြူ ၂၁၃၅၀ ကြံ့ဖွံ့ ၁၁၃၂၄ အမျိုးသားလွတ်တော် ကျားဖြူ ၁၁၅၈၃ ကြံ့ဖွံ့က ၁၁၀၄၅၊ ပြည်သူ့လွတ်တော်က ကြံ့ဖွံ့ ဦးစိုင်းခမ်းအွန်ပေါ့ ကျားဖြူက ဦးစိုင်းကျော်အုန်း၊ အမျိုးသားလွတ်တော် ကျားဖြူက စိုင်းတင်ဦး၊ ကြံ့ဖွံ့က ပြည်နယ်လွတ်တော် ၂ ပန်ဆေးကျော်မြင့် ပြည်သူ့လွတ်တော် ၁ ကျားဖြူက စိုင်းစောလှ” ဟု သူက ဆိုသည်။
လွတ်တော် ၃ ရပ်စလုံးပေါင်း မဲအရေအတွက်မှာ ကျားဖြူ ၆၄၉၈၈ မဲ၊ ကြံ့ဖွံ့ ၄၆၈၅၇ မဲ ဖြစ်ကြောင်း သိရသည်။
သို့သော် ပြည်နယ်လွတ်တော် ၂ တွင် ကြံ့ဖွံ့မှ ပန်းဆေးကျော်မြင့်သည် မဲမသာမာမှုကြောင့် အနိုင်ရခဲ့ကြောင်း သူက ဆက်ပြောသည်။
“ကျော်မြင့် ရတဲ့မဲက မနေ့က ၆၈၂၄ ပဲရှိတယ်၊ ဒီနေ့ကတော့ ၁၀၃၄၄ ရှိတယ်၊ အခု ၃ ထောင်ကျော်ပိုလာတယ်။ ဒီကိစ္စက ပြဿနာဖြစ်နေတယ် ပြည်နယ်လွတ်တော်က ၁၊ ၂ ရှိတယ်လေ မနေ့ညက ၆ ထောင်ကျော်သူတို့ရူံးတယ်။ မနေ့က စာရင်းမချုပ်ဘူး၊ ဒီနေ့စာရင်းချုပ်တယ် ဒီနေ့ကော်မရှင်ရုံးတောင် မဖွင့်ဘူး” ဟု သူက ဆိုသည်။
No comments:
Post a Comment