Wednesday, November 24, 2010

ရေနံချောင်း တပ်သား အဓမ္မမှု ဆက်စစ်

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ အဓမ္မပြုမှုနှင့် စွပ်စွဲခံရသည့် ရေနံချောင်း ခလရ ၇၇ မှ တပ်သားမောင်မောင်ချေ အမှုကို ဆက်စစ်ဆေးနေပြီး တွေ့ရှိချက်ကို မနက်ဖြန်တပ်မသို့ ပို့မည်ဟု တရားလိုများဘက်က ပြောသည်။

“မနေ့က ၇၇ တပ်က ဒုတပ်ရင်းမှူးက သက်သေတွေခေါ်စစ်တယ်။ ကနေ့လဲ မိန်းကလေးတွေ စစ်တုန်းရှိသေးတယ်။ မကွေးတပ်မ ၈၈ ကို ပို့ရမှာ ဆိုပြီးတော့ စစ်နေတာပဲ” ဟု ၁၉ နှစ်အရွယ် ကာယကံရှင် မိန်းကလေး၏ ဖခင်က မဇ္ဈိမကိုပြောသည်။

ယနေ့ သက်သေ အမျိုးသမီး ၅ ဦးနှင့် ညောင်လှရဲစခန်းမှ ရဲမေ ၂ ဦး အစစ်ဆေးခံရန် ခလရ ၇၇ သို့ သွားကြပြီ ဖြစ်သည်။

ရေနံချောင်းဆေးရုံမှ မှုခင်းဆရာဝန်လည်း ယနေ့ လာရောက်ထွက်ဆိုရန် တပ်ရင်းမှ ဖုံးဆက်ခေါ်သည်ဟု တရားလိုများဘက်က ပြောသည်။

မနေ့က တပ်တွင်း၌ မိဘနှစ်ဦး၊ သက်သေ ၃ ဦး၊ ညောင်လှရဲစခန်း အမှုစစ်အရာရှိ၊ စွပ်စွဲခံရသူ တပ်သားမောင်မောင်ချေတို့ကို စစ်ဆေးခဲ့သည်။

ခလရ ၇၇ သည် မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံဖြစ်သည်။

No comments: