Sunday, November 21, 2010

စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များ ရန်ကြောင့် နယ်စပ်တလျှောက် တပ်အင်အားဖြည့်ဆည်း

ခိုနူမ်းထုန်သတင်း၊

ယခုရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် အမှတ် ၂ အိန္ဒိယ မြန်မာ
ကုန်သွယ်ရေးလမ်း ကြောင်းနှင့်နယ်စပ်ဒေသများတွင် နိုဝင်ဘာ ၁၂ ရက်နေ့မှစ၍ စစ်တပ်အင်အားများ တိုးချဲ့ လာကြောင်း မျက်မြင်တဦး ပြောကြားချက်အရ သိရသည်။

” တခြားနယ်စပ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီ၊ အနောက်ဖက်မှာလည်း လက်နက်ကိုင်တွေ မ၀င်ဘူးလို့ပြောလို့မရဘူးလို့ စစ်သားတွေက ပြောကြတယ်” ဟု စစ်သားနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းသတင်းကြောင့် ချင်းပြည်နယ်ရှိ ခလရ ၂၆၆၊ ၂၆၈၊၂၆၉ နှင့် ကလေးမြို့အခြေစိုက် ခလရ ၈၉ တို့ကို နယ်စပ် ဒေသ များသို့ အင်အားဖြည့်
ထားကြောင်း သိရသည်။

၎င်းကိစ္စနဲ့ပတ်သက်ပြီး ” Darkhai နှင့် Bukphir ကျေးရွာတွေမှာ အချို့က စခန်းချတယ်၊ စခန်းတခုမှာ စစ်သား ၃၀ ခန့်ရှိ တယ်၊ ယခင်ကတော့ ၁၀ ဦးကျော်ကျော်ပဲ ရှိတယ်၊ စစ်သားတွေ နယ်စပ်ဒေသများတွင် နေရာတကာ တွေ့နေရတယ်” ဟု နယ်စပ်၌ နေထိုင်သူ U TK Chhuma က ပြောသည်။

ယခုကဲ့သို့ ကျေးရွာတိုင်းတွင် စစ်သားတွေ လှုပ်ရှားနေရသောကြောင့် ပြည်သူတွေ သွားလာရေး ကျဉ်းကျပ်နေရ သော် လည်း စစ်တပ်မှ တစုံတရာ နှောင့်ယှက်တာမျိုးမရှိကြောင်း ဒေသခံတွေက ပြောကြသည်။

” အမှတ် (၂) နယ်စပ်လမ်းပေါ်ရှိ အိန္ဒိယနယ်စပ် Tiau ကျေးရွာမှာတော့ အနားတ၀ိုက်မှာတော့ စစ်သားတွေ အချိန်ပြည့် ကင်းလှဲ့နေကြတယ် ” ဟု Tiau ဒေသခံတဦးဖြစ်သူ U Sungvum က ပြောပြသည်။

အနောက်ဖက်ဒေသခတွင် လှုပ်ရှားနေသော ချင်းအမျိုးသားတပ်ဦး အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ယခုနှစ်အတွင်း စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြ သည်။

No comments: