Tuesday, July 10, 2012

ALA တပ်သားများ အခြေခံ စစ်သင်တန်း ဆင်း

မောင်ရမ္မာ

ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တပ်သားများ၏ အခြေခံ စစ်သင်တန်း ဆင်းပွဲ တစ်ခုကို ယခုလ ၇ ရက်နေ့က ကရင်အ မျိုး သား အစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် ပြုလုပ်ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၇) နယ်မြေတွင် အခြေစိုက်သော ALA ရမ္မာဝတီ တပ်ရင်းတွင် အဆိုပါ စစ်သင်တန်းဆင်းပွဲ အား ပြု လုပ်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော် ၅၀ ကျော် သင်တန်း ဆင်းခဲ့ကြသည်ဟု သိရသည်။

သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ယခုလို ပြောသည်။

“ ရခိုင်တပ်မတော် ဆိုတာ ရခိုင်ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့် ရှောက်ဖို့ အတွက် ဖွဲ့စည်း ထားတာာ ဖြစ်ပါ တယ်။ အဲဒီ ရည် ရွယ်ချက်အပေါ်မှာ အခြေခံပြီးတော့ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မ တော် သားတွေ ကို စစ်သား တစ်ဦး အတွက် မရှိ မဖြစ် လိုအပ်တဲ့ အခြေခံ စစ်ရေး သင်တန်းကို ဖြည့်စွမ်း ပေးရတာ ဖြစ်ပါတယ်။ အခု သင်တန်းကို ALA လက်အောက်ခံ ရမ္မာဝတီ တပ် ရင်းက ပြုလုပ်တဲ့ သင်တန်း ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု စစ်ရေး သင်တန်းသည် ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ် ပြုလုပ်သော သင်တန်း ဖြစ်ပြီး အပတ်စဉ် ၁/၂၀၁၂ ဖြစ်သည်။

သင်တန်း ဆင်းပွဲတွင် ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်မှ သင်တန်းဆင်း ရဲဘော်များကို ယခုလို အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ ရခိုင်ပြည် လွတ် မြောက်ရေးတပ်မတော်ကို အရည်အချင်းမြှင့်မားတဲ့ တပ်မတော်၊ ဒါနဲ့ တဆက်တည်း အရေအတွက် ပေါများ တဲ့ တပ်မတော် တည်ဆောက်ရမယ်။ အဲဒီလို တည်ဆောက်မှ သာလျှင် ရခိုင်ပြည် သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် နိုင်တဲ့ တပ်မတော်ကြီးဖြစ်လာမယ်။ အဲဒါကြောင့် သင်တန်း ဆင်းတဲ့ ရဲဘော် တွေဟာ မိမိတို့ ရ ခိုင်ပြည် သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကိုကာ ကွယ်ဖို့ ဆိုတဲ့ စိတ်ဓါတ် တွေ မွေးပြီးတော့ စစ်ရေးနဲ့ ပတ်သက်တဲ့ အတတ်ပညာ တွေကို အရာရှိ၊ အ ကြပ် အဆင့်ဆင့် သင်တန်းလိုက် ပြီး သင်ကြားလိုတဲ့ ဆန္ဒတွေ မွေးကြ ဖို့နဲ့ ယနေ့ကာလ တိုက်ပွဲ ရပ်နားထား တဲ့ အချိန်မှာ မိမိတို့ တိုင်းပြည် အတွက် လိုအပ်တဲ့ ပညာရပ်တွေ ကို ဆည်းပူးကြဖို့၊ တိုက်ပွဲဝင်တဲ့ နေရာတွေမှာလည်း ဘ၀တူ အဖိနှိပ်ခံ တိုင်းရင်းသားတွေနဲ့ ပူပေါင်း တိုက်ပွဲ ၀င်ကြဖို့ လိုအပ် တယ်” ဟု ပြောကြားခဲ့ဟု ဆိုသည်။


သင်တန်းဆင်း အခမ်းအနားတွင် မဟာမိတ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘားအံခရိုင် ဥက္ကဌ ဖဒို အောင်မောင်အေး၊ ဘားအံ ခရိုင် အတွင်းရေးမှူး စောအားတိုနှင့် ဒု-တပ်ရင်းမှူး ဗိုလ်မှူး မိုးစက်တို့မှလည်း အမှာ စကားပြောကြားခဲ့သည်။

သင်တန်း ဆင်းပွဲ အခမ်းအနားသို့ မဟာမိတ်များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘားအံခရိုင်ဥက္ကဌ ဖဒို အောင် မောင် အေး၊ ဘားအံခရိုင်အတွင်းအရေးမှူး စောအားတို၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇)၊ တပ် ရင်း (၂၁) မှ တပ်ရင်းမှူးကိုယ်စား ဒု-တပ် ရင်းမှူး ဗိုလ်မှူး မိုးစက်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ ရဲဘော် များနှင့် ရခိုင်ပြည် လွတ် မြောက်ရေးတပ်မတော် (ALA) အရာရှိအရာခံ အကြပ်တပ်သားများ၊ မျိုးချစ်ပြည်ချစ် ရခိုင်လူငယ်များ အပါ အ၀င် စုစုပေါင်း (၁၅၀) ကျော် တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီသည် လက်ရှိ အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ဖြစ်သည်။

No comments: