Thursday, July 12, 2012

မူးယစ်တိုက်ဖျက်ရေးအတွက် သျှမ်းတပ်ဖွဲ့များပူးပေါင်းမှု ဒေသ ခံများ လိုလား

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် မူးယစ်ဆေး၊ ဘိန်းဖြူများ ပေါများနေသော်လည်း မူးယစ်အာဏာပိုင်များက လျစ်လျူ ရှုထားသဖြင့် သျှမ်း ပြည်တပ်မတော် ၂ ဖွဲ့ပေါင်းစည်းကာ တိုက်ဖျက်နှိမ်နင်းပါက ပိုမိုထိရောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဒေသခံ များက ပြောပါ သည်။

“ရောင်းတဲ့လူတွေက စစ်တပ်နဲ့ရဲကို ပေးကျွေးထားတယ်လေ။ အဲတာကြောင့် ရောင်းဝယ် နေကြ တာကိုတွေ့နေတာတောင် သွားဖမ်းတာဆီး တာ မလုပ်ဘူး။ ပိုက်ဆံပဲသွားတောင်းတယ်။ ရဲတွေ မူးယစ်တွေရှေ့မှာ အခုလို ဖောဖော သီသီရောင်းဝယ် နေကြတဲ့ အကြောင်း သွားပြောရင် လဲ မသိသလိုဘဲနေကြတယ်။ မူးယစ်ဆေး၊ ဘိန်းဖြူလွှတ်ပြီး သျှမ်းလူမျိုး သုဉ်း အောင် လုပ်နေတဲ့ မြန်မာ အစိုးရနဲ့ စစ်တပ်ရဲ့ ပေါ်လစီ တခု ဘဲလို့ ယူဆ ရတယ်” ဟု ခေတ်ပညာတတ် ရပ်မိရပ်ဖ တဦး ဖြစ် သော ဦးကျော်အေးက ပြောပါသည်။

ဘိန်းဖြူကို ကျပ် လေးထောင်ဖြင့် ကျေနပ်အောင်သုံးစွဲနိုင်ကြပြီး ယာဘနှင့်အခြားမူးယစ်အမျိုးအစားများထက် ခံစားမှု စည်းစိမ် ပိုမို သာ လွန် ကြောင်း သုံးစွဲသူတဦးကပြောသည်ဟု နမ္မတူ ဒေသခံ စိုင်းနောင့်ကသျှမ်းသံတော်ဆင့်အား ပြန်လည် ပြောပြသည်။

“ဘိန်းဖြူကို အချိုရည်သောက်တဲ့ပိုက်တချောင်းစာဆိုရင် လေးထောင်ကျပ်နဲ့ရောင်းတယ်။ အဲဒါကို မရှူဘူး။ သုံးတဲ့လူ ကျေနပ်သွားစေမယ့် နည်း လမ်းက သွေးကြောထဲထိုးသွင်းတယ်။ တခါစာ ပေါ့နော်။ အိမ်ရောက်ရင် အဖြည်သဘော မျိုး ထပ်သွင်းဖို့ နောက်တပ် တထောင်ဖိုး ဝယ် သွားကြတယ်။ တထောင်ဆိုရင်ပိုက်ချောင်းရဲ့ ၄ ပုံတပုံရတယ်။ အဲလောက်ထိပေါ များနေ တယ်။ ရောင်းတဲ့သူက ထိုးပေးတာ။ ရှူရင် ၅ ထောင်နဲ့ ဘယ်ဝ မလဲ။ ကျပ်သောင်းနဲ့ချီ လိုတာပေါ့နော် ” ဟု နမ္မတူ ဒေသခံ စိုင်း နောင့်ကပြောသည်။

ကျေနပ်သည်အထိ ဘိန်းရှူလိုပါက ကျပ် ၁ သောင်းကျော်လိုအပ်ကြောင်း၊ သို့သော် ငွေရှာရခက်ခဲသော လူငယ်များအနေဖြင့် အာသာပြေ ကျေ နပ်အောင် ကျပ်လေးထောင်စာ ဘိန်းဖြူကို ရောင်းသည့် သူများ ကိုယ်တိုင် သွေးကြောထဲထိုးသွင်းပေး ကြောင်း၊ အဆိုပါ လုပ်ရပ် များ နမ္မတူမြို့တွင်း၌ ခေတ်စားလာကြောင်း၊ သို့သော် အာဏာပိုင်များက အရေးယူရှင်းလင်း ပေးခြင်းမရှိကြောင်း ဒေသခံများ ကပြော သည်။

“ကျနော်တို့ ရပ်ကွက် ၁ ရဲ့ပတ်ပတ်လည်ရွာတွေမှာ အဲလိုလုပ်နေကြတယ်။ သုံးတဲ့သူရဲ့သွေးကို ဆ လင်းနဲ့စုပ်ယူ။ ပြီးရင် ဘိန်းဖြူနဲ့သမအောင် ရော၊ ပြီးမှ သွေးကြောထဲထိုးသွင်းတယ်။ အဲဒီနည်းက ထိရောက်တယ် ငွေ ကြေးသက်သာ တယ်လေ။ ရှူတဲ့လူတော့ သိပ်မရှိ တော့ဘူး အခု။ ထိုးဘဲထိုးကြတော့တယ်။ ရပ်မိရပ်ဖတွေကတော့ သူတို့ သားမြေးတွေအတွက် အရမ်း ကို စိတ်ပူနေတယ်။ ရောင်းတဲ့ လူတွေကို ဖမ်းပေးဖို့ရဲသွားတိုင်မလို့ဆို ၃-၄ ခါသွားလဲ ရဲအုပ်နဲ့မတွေ့ဘူးတဲ့” နမ္မတူသားတဦး ဖြစ် သော စိုင်းအိုက်ညွှန့်က ဆက်လက်ပြောပြသည်။

ထိုကဲ့သို့ အလွယ်တကူ သုံးစွဲနိုင်သဖြင့် ခိုးဆိုးဓါးပြလည်းပေါများရာ ယခင်အပတ်ကပင် နမ္မတူမြို့နယ် ပိန်းလောင်းရွာ ဦးစံငြိမ်း၏ ဆန် ကြိတ် စက်မှ ဆန်အိတ်များ ခိုးယူခြင်းခံနေရကြောင်း ဦးကျော်အေးက ပြောပြသည်။

အစိုးရ၏ မူးယစ်အာဏာပိုင်များ ရဲများက အရေးယူဆောင်ရွက် ပေးခြင်းမရှိသဖြင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း နှင့် မြောက်ပိုင်း (RCSS နှင့် SSPP )တို့ ပူးပေါင်းလက်တွဲကာ မူးယစ်ဆေး တိုက်ဖျက်ပေးမည်ဆိုပါက ပိုမိုထိရောက်နိုင်မည်ဟု နမ္မတူ ဒေသခံများ က ပြောသည်။

No comments: