Saturday, July 14, 2012

ထိုင်းမှရာဇဝတ်မှု ကျူးလွန်သူ နယ်စပ်လက်နက်ကိုင်တပ်ဖွဲ့များကူဖမ်းပေး

သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ လူသတ်ပြီး နယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်သူတဦးအားနယ်စပ်ရှိ လက် နက်ကိုင်တပ်ဖွဲ့က ကူညီဖမ်းဆီးနေခဲ့ကြောင်း နယ်စပ်သတင်း ရပ်ကွက် က ပြောပါသည်။

“သက်ကြီးပိုင်းအမျိုးသမီးတဦးကို မုဒိန်းကျင့်ပြီးတော့ ဆိုင်ကယ်ကိုခိုးယူ ရောင်းစားတယ်။ မယ် ဟောင်ဆောင် ကတဆင့် ဟိုမိန်းဘက်ကို ထွက် ပြေးသွားတယ်။ ထိုင်းရဲက နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ကို အကြောင်း ကြားတယ်၊ သံလွင်မြစ် ကူးတို့ဆိပ်အကူးမှာဘဲ SSS အက်စ်သုံးလုံး ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းမိသွားတယ်” - ဟု နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် စိုင်းပင်းက ပြောပါသည်။

ချင်းမိုင်ခရိုင် မယ့်ရင်းမ်းမြို့နယ် အတွင်း နေထိုင်သည့် ရွှေ့ပြောင်းအလုပ်သမား နန်းလှကြည် (၅၀ ကျော်) အား မုဒိန်းကျင့်သတ်ဖြတ်ပြီး ဂျွန် ၂၂ ရက် နေက ဆိုင်ကယ်လုယူရောင်းစားက မယ်ဟောင်ဆောင်(ထိုင်း)မှ ဟိုမိန်း(သျှမ်းပြည်)သို့ ထွက်ပြေးသွားသည့် ရွှေ့ပြောင်း အလုပ် သမား စိုင်းချိုင်း (စိုင်းကန်းထ) အား ဂျွန် ၃၀ ရက်နေ့၌ SSS ခေါ် ဟိုမိန်းပြည်သူ့တပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပါသည်။

“ဖမ်းပြီးအမှုတွေ စိစစ်ပြီး ထိုင်းအစိုးရဆီကို ပြန်လည်လွဲ အပ်ပေးသွားမယ်လို့ ကြားတယ်။ ကျ နော်တို့ကြား သိရတာက အခုဟာ ထိုင်းနိုင်ငံ အတွင်း ရာဇဝတ်ကျူးလွန်ပြီး သျှမ်း ပြည်ဘက်ပြန်ပြေးမယ်ဆိုရင်မလွယ်တော့ ဘူး၊ ထိုင်း အစိုးရကနေ မြန်မာအစိုးရ အပါအဝင် နယ်စပ်တ လွှား မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အကုန် ချိတ်ဆက်လုပ်ထားပြီ” - ဟု စိုင်းပင်းက ဆက်လက်ပြောပြပါ သည်။

ထိုင်း - မြန်မာ ရာဇဝတ်မှုများ ပူးပေါင်းနှိမ်နှင်းရန်အတွက် ထိုင်းနိုင်ငံအတွင်းပြစ်မှုကျူးလွန်သူများအနေဖြင့် မယ်ဟောင်ဆောင်မှ ဟိုမိန်း သို့ ထွက်ပြေးမည်ဆိုပါက မြန်မာအစိုးရ နှင့် ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့၊ မယ် ဟောင် ဆောင်ပန်မတ်ဖ၊ ချင်းဒေါဝ်၊ ဝိန်းဟဲန်၊ ချင်းရိုင်းမြို့နယ်တို့မှ ထွက်ပြေးလျှင် သျှမ်းပြည်တပ်မတော် နှင့် ဝ တပ်ဖွဲ့၊ မယ်ဆိုင်မှ တဆင့် တာချီလိတ်ဘက်ထွက်ပါကလည်း မြန်မာအစိုးရ တို့က ဖမ်းဆီးကာ ရာဇ ဝတ် ကျူးလွန်သူများအား ၂ နိုင်ငံ လက်တွဲပူးပေါင်းနှိမ်နှင်းသွားမည်ဖြစ်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး တပ်ဖွဲ့ များနှင့် နီးစပ်သူ တဦး ကလည်းပြောပြပါသည်။

ယမန်နေ့ မြန်မာနိုင်ငံ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပသော ထိုင်း - မြန်မာ နယ်ခြားရေးကော် မတီ အစည်းအဝေးအရ အထက် ပါလူသတ်မှု တရားခံအား မြန်မာအစိုးရက ထိုင်းအစိုးရလက်သို့လွှဲအပ်လိုက် ကြောင်း၊ ထို့အတွက်ကြောင့်လည်း ထိုင်းအစိုးရက ကျေးဇူးတင် ကြောင်း ပြောကြားသွားသည်ဟု တက်ရောက် သည့် ထိုင်းအရာရှိတို့နှင့် နီးစပ်သူတဦးကလည်းပြောပြပါသည်။

No comments: