Wednesday, July 4, 2012

၅၉ နှစ် ထောင်ချခံရသူ သင်္ကန်းကျွန်း ကိုအေးအောင် ကလေးထောင်မှ လွှတ် မြောက်

နိရဉ္စရာ

ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံထားရသူ ကျောင်သား ကိုအေးအောင်သည် ယနေ့တွင် စစ်ကိုင်းတိုင်း ကလေးထောင်မှ လွှတ်မြောက်လာ ကြောင်း သတင်း ရရှိသည်။

ကိုအေးအောင်အား ၁၉၉၈ ခုနှစ်က ရန်ကုန် လှည်းတန်း လမ်းဆုံတွင် လွှတ်တော်ခေါ်ပေးရန် တောင်းဆိုမူကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရ ကာ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရသည်ဟု သူ့၏ လုပ်ဖေါ်ကိုင်ဘက် တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ သူအခု လွှတ်လာပါပြီ။ ထောင်ထဲမှာ ၁၄ နှစ် နေခဲ့ရပါတယ်” ဟု သူက ပြောသည်။

ကိုအေးအောင်သည် မနက်ဖြန်တွင် လေယာဉ်ဖြင့် ရန်ကုန်ကို ပြန်မည်ဟု သိရသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ အကျဉ်းသား ၈၀ အား လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ဖေါ် ပြသည်။

လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံ သားနှင့် နိုင်ငံခြားသား အကျဉ်းသားများ ပါဝင် သည်ဟု ဆိုသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၂၀၄ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အ ကျဉ်းသူ ၉ ဦး စုစုပေါင်း ၄၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးတို့ကို ယနေ့မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြသည်။

No comments: