Monday, July 16, 2012

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူဟု ယူဆရသူ မြန်မာနိုင်ငံသားတဦး ရဲလက် ထက် မအပ်ခင်သေဆုံး

khonumthung

မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူ အဓိက ဖြန့်ဝေသူဟု ယူဆရသော မြန်မာနိုင်ငံသားတဦးကို မီဇိုး လူငယ်များအသင်း( Young Mizo Associ atio n) လက်အောက်တွင် ဖွဲ့စည်းထားသော Central Anti Drugs Squad(C A D S) အဖွဲ့ကဖမ်းဆီးပြီး ရဲလက်ထဲ မအပ်ခင်သေဆုံး သွားခဲ့သည် ဟုသိရ သည်။

အိန္ဒိယအရှေ့မြောက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မူးယစ်ဆေးဝါးရောင်း ၀ယ်ဖောက် ကားသူဟု ယူဆရသော မြန်မာနိုင်ငံ စစ် ကိုင်း တိုင်းကလေးမြို့နယ် တာဟန်း (စီ) ရပ်ကွက် တွင် နေထိုင်သူ ဦး လျန်ထန်း၏ သား အသက် ၄၅ နှစ် ရှိ နောင်(ခေါ်) Bawia သည် မကြာ သေးခင်ရက်ပိုင်းက C A D S ကဖမ်းဆီးပြီး အိုင်ဇောလ်မြို့ Tuikhuahtlang ရပ်ကွက်ရှိ Young Mizo Association ခန်းမတွင် ထားရှိ စဉ် ဇူလိုင် ၁၂ ရက်နေ့ ညသန်းခေါင်ကျော် ၁၂း၃၀ ခန့်တွင် သေဆုံးသွားသည်ဟု ဒေသထုတ် နေ့စဉ်သတင်းစာများတွင် ဖော် ပြထား ကြသည်။

ယခုသေဆုံးသည့်ကိစ္စနဲ့ပတ်သက်ပြီး အိုင်ဇောလ်မြို့ ရဲစခန်းမှ စုံစမ်းစစ်ဆေးနေဆဲဟု သိရပြီး နှိပ်စက် ညှင်းပန်းမှုကြောင့် သေဆုံးသွား ခြင်း ဟုတ်မဟုတ်ကိုမူ မသိရသေးကြောင်း အဆိုပါသတင်းစာ များတွင် ဖော်ပြထားသည်။

CADS အဖွဲ့က အိုင်ဇောလ်မြို့ အထွက် Tuirial ရွာနေ Lalmuankima ဆိုသူကို ဖမ်းဆီး ပြီး ၎င်းက ယခုသေဆုံး သွားသော Bawia ဆိုသူထံ ဘိန်းဖြူအမြောက်အများ ရှိကြောင်းပြော ဆိုသောကြောင့် CADS အဖွဲ့က Bawia ကို လိုက်လံရှာဖွေခဲ့ကြသည်။

CADS တာဝန်ရှိများသည် နောက်ထပ်လူတဦးကို ဘိန်းဖြူနှင့်အတူ ထပ်မံဖမ်းဆီးလိုက်ပြီး ဘိန်းဖြူ များကို Bawia ဆိုသူ ထံမှ ၀ယ်ယူ ခဲ့ ခြင်း ဖြစ်ကြောင်း သတင်းရသောကြောင့် ဇူလိုင်လ ၁၁ ရက်နေ့က Bawia ကို ဖမ်းဆီးနိုင်ခဲ့ကြ သည်ဟု သိရ သည်။

ယခုကဲ့သို့ အဖမ်းခံရပြီးနောက် Bawia ကို ဘိန်းဖြူများ ထားရှိသည့်နေရာအား လိုက်ပြရန် ပြောဆိုပြီး နေရာ ၂ နေရာခန့် ပြခဲ့သော် လည်း ဘိန်းဖြူတခုမျှရှာမတွေ့နိုင်ခဲ့ကြောင်း မီဇိုး လူငယ်အသင်း တာဝန်ရှိသူများ ၏ ပြောကြားချက်ကို ကိုးကားပြီး အဆိုပါသတင်းစာ များ တွင် ဖော်ပြထားသည်။

ဘိန်းဖြူများရှာမတွေ့သောကြောင့် သူ့ကို မီဇိုလူငယ်အသင်း က ထိန်းသိမ်းထားစဉ် ညသန်း ခေါင်ကျော် ၁၂း၃၀ ခန့်တွင် သူ့အိပ်ယာ၌ သေ ဆုံးနေသည်ကို အစောင့် ရဲ သားများ က တွေ့ရှိခဲ့သည် ဟု သိရသည်။

Bawia ၏ ကိုယ်ပေါ်တွင် ညိုမဲသော အကွက်တချို့ရှိနေကြောင်း၊ အလောင်းကို အိုင်ဇောလ် မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ကြပြီး post mor tem ပြုလုပ်ပြီးမှသာ သေဆုံးရသည့် အကြောင်း ရင်းကို သိရှိနိုင်မည်ဖြစ်ကြောင်း ရဲတာဝန်ရှိသူများ ကပြောဆိုကြသည်။

No comments: