Wednesday, July 4, 2012

မန္တလေးတွင် ဆန္ဒပြသူများအား ရဲက ခေါ်ယူစစ်ဆေး

ကော့လီ

မန္တလေးမြို့ရှမ်းတိုင်းရင်းသားများသာရေးနာရေးအသင်းဝင်းအတွင်းမှာ “ရှမ်း တိုင်းရင်းသားများ အားလုံးကို ကိုယ်စားပြုသော အဖွဲ့အစည်းတစ် ရပ်ပေါ် ပေါက်လာရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ် ဖော်ခဲ့သူ တွေကို မန္တလေး မြို့အ မှတ်(၃) ရဲစခန်းက ဇူလိုင်လ ၃ ရက်နေ့က ခေါ်ယူစစ်ဆေးပြီးအာမခံနဲ့ ပြန် လည်လွှတ်ပေးလိုက်တယ်လို့ သတင်း ရရှိ ပါတယ်။

ဒီနေ့ ညနေ ၃ နာရီလောက်မှာ အမှတ်(၃) စခန်း က အရပ်ဝတ်နဲ့ ရဲတွေ ကျ နော့်အိမ်ကို လာပြီး ခင်ဗျားတို့ကို တိုင်ချက်ဖွင့်ထား တာရှိ တယ်၊ ဒါကြောင့် စခန်းကိုလိုက်ပြီး ဖြေရှင်းပါဆိုလို့ ကျနော် လိုက်သွားပါတယ်။ စခန်းရောက် တော့ ၂၄ ရက်နေ့က သာရေးနာရေး အ သင်း မှာ ဆန္ဒပြခဲ့တဲ့ ကျနော်တို့ သုံးယောက်ကို အသင်း အလုပ်အမှုဆောင်တွေက ပုဒ်မ ၂၉၆၊ ပုဒ်မ ၅၀၀ တွေနဲ့ အမှုဖွင့်ထားတယ်တဲ့။ ရဲကလည်း ကျနော့်တို့ဆီက ထွက်ဆိုချက်ယူပြီးတော့ အာမခံနဲ့ ပြန်လွှတ်လိုက်ပါတယ် – လို့ ဆန္ဒပြခဲ့သူ တစ်ဦး ဖြစ်တဲ့ စိုင်းဇင်မင်းအေး က ကော့လီ ကိုပြောပါတယ်။

ကျန်ဆန္ဒပြသူတွေ ဖြစ်တဲ့ စိုင်းလောင်လျဲန်းဆယ်၊ စိုင်းဆိုင်လှိုင်း တို့လည်း ရဲစခန်းကို သွားရောက် ထွက်ဆိုချက် ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဓိက ပုဒ်မ ကတော့ ၂၉၆ ဗျ။ အမျိုး၊ ဘာသာ၊ သာသနာ ကို နှောက်ယှက် ဖျက်ဆီးမှုတဲ့။ အဲဒီနေ့က အသင်းရုံးထဲမှာ ပဋ္ဌာန်းရွတ်ပိတ် ပွဲ လည်းရှိတယ်။ အဲဒါနဲ့ ကျနော်တို့ကို စွပ်စွဲတာ။ ဒါပေမယ့် ပဋ္ဌာန်းရွတ်ပိတ်ပွဲက ၁၀ နာရီလောက်မှာ ပြီးသွားပြီ။ ကျနော်တို့က သင်းလုံး ကျွတ် အစည်းအဝေး လုပ်ခါနီး ၁၁ နာရီမှ ဆန္ဒပြတာပါ – လို့ စိုင်းဆိုင်လှိုင်း က ပြောပါတယ်။

၎င်းတို့ သုံးဦးကို စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ ရှမ်းအမျိုးသမီး ရှေ့နေတစ်ဦးက အခုလို မှတ်ချက်ပေးပါတယ်။

လက်ရှိ အသင်း အမှုဆောင်တွေက ဆန္ဒပြတဲ့ လူငယ်တွေကို အသရေဖျက်မှုနဲ့ တရားစွဲချင်တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပုဒ်မ ၅၀၀ အ သ ရေဖျက်မှုက တရားရုံးကို ဦးတိုက်လျှောက်ရတဲ့ ပုဒ်မ၊ ရဲအရေးပိုင်တဲ့ ပုဒ်မ မဟုတ်ဘူး၊ ဒါပေမယ့် အသင်း အမှုဆောင်တွေက သူတို့ကို ခြိမ်း ခြောက်ချင်တဲ့ သဘော၊ ပိုပြီး အပြစ်ကြီးစေချင်တဲ့ သဘောနဲ့ ရဲအရေးပိုင်တဲ့ ပုဒ်မ ၂၉၆ နဲ့ အမှုဖွင့်လိုက်တာ ဖြစ်မယ်။

မန္တလေးမြို့ ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်းဘက်က နာယက စိုင်းဆိုင်ခေး၊ ဥက္ကဋ္ဌ စိုင်းပန်းဆိုင်၊ ဒုတိယ ဥက္ကဋ္ဌ စိုင်းနွမ်၊ အ တွင်းရေးမှူး စိုင်းဆိုင်မိုင်း တို့ ခေါင်းဆောင်ပြီး တိုင်ချက်ဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အမှုကို လက်ခံထားတဲ့ ရဲအရာရှိ အနေနဲ့ မိမိတို့ဟာ တိုင်ကြားသူ ရှိတဲ့အတွက် စစ်ဆေး၊ အမှုတည်ဆောက်လို့ ရရင်တော့ တရားရုံးတော်ကို တင်ရပါလိမ့်မယ်လို့ ဆန္ဒပြသူများအား ပြောကြား လိုက်တယ်လို့လည်း သိရပါတယ်။

No comments: