Sunday, July 1, 2012

ကတိ အထပ်ထပ် ပေးထားတဲ့ကြားက တိုက်ပွဲများ ထပ်မံဖြစ်ပွား

ကော့လီ

သမ္မတနဲ့ တကွ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဝင် များက တိုက်ပွဲများ ထပ် မံ မဖြစ်စေရလို့ ကတိအထပ်ထပ် ပေးထားတဲ့ကြား ကအစိုးရ တပ်များက ရှမ်းပြည် တပ်မတော် (SSPP/SSA) ရဲ့ လွယ်မီ ခေါ် ကောင်း မိုက်ဟွန်း စခန်းကို မနေ့ညက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ တိုက်ပွဲများအတွင်းက လွယ်ဖာဖွန့် စခန်းကို သိမ်း ပိုက်ပြီး တပ်စွဲထားတဲ့ စကခ(၂) လက်အောက်ခံ အမှတ်(၂) စစ်ဗျူဟာ မှူး ဗိုလ်မှူးကြီး ဝင်းညွန့် ဦးစီးတဲ့ (၅၁၆)၊ (၅၁၇)၊ (၁၄၉) အစရှိတဲ့ တပ်ရင်းများ ဟာ မ နေ့ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲကနေ ည ၈ နာရီအထိ ရှမ်းပြည် တပ်မတော် တပ်ဖွဲ့များ တပ်စွဲထားတဲ့ ကောင်းမိုက်ဟွန်း စခန်း ကို လက်နက် ကြီးများ၊စက်လတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ရှမ်းပြည် တပ်မတော် ဘက်က ပြန်လည် တုံ့ပြန် ပစ်ခတ်ခြင်း မရှိ ပေမယ့် ည၁၀နာရီ ထိုးပြီးနောက် ပိုင်းမှာလွယ်ဖာဖွန့် စခန်းပေါ်က အစိုးရတပ်များက ကောင်းမိုက်ဟွန်း စခန်းနဲ့ ကိုက် ၂၀-၃၀ အကွာ အထိ ချဉ်းကပ်လာတဲ့ အခါမှာတော့ ရှမ်းတပ်က ပြန်လည် တုံ့ပြန် ပစ်ခတ်ခုခံခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု စာရင်းကို အသေးစိတ် မသိရသေးပေမယ့် လက်နက်ကြီးကျည် အနီးကပ် ကျရောက်ပေါက်ကွဲမှုကြောင့် ကောင်းမိုက်ဟွန်း စခန်းပေါ်က ရှမ်းတပ် သား တစ်ယောက် သတိလစ်မေ့မြောသွားကြောင်း ရှမ်းပြည်တပ်မတော် အရာရှိ တစ်ဦးက ကော့လီ ကို ပြောပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် တာဝန်ရှိသူများက ပြည်နယ်အဆင့်၊ ပြည်ထောင်စု အ ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တာဝန် ရှိသူတွေဆီ ဆက်သွယ်ပြီး ဘာကြောင့် ဒီလိုဖြစ်ရတယ်၊ ဘယ်သူက အမိန့်ပေးတယ်ကို မေး မြန်းခဲ့ရာမှာတော့ ဘယ်သူမှ တိတိကျကျ ဖြေ ကြားနိုင်ခြင်း မရှိဘဲ ချက်ခြင်း မဖြေ နိုင်ကြောင်း မနက်ဖြန် (ဇူလိုင်လ ၁ ရက်) မနက်မှာ သမ္မတကြီးနဲ့ ၎င်းတို့ တွေ့ပြီးတဲ့အခါမှာမှ ပြန်ပြော နိုင်မှာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရပါတယ်။

မနေ့ညက သိမ်းပိုက်ရရှိခြင်း မရှိသေးတဲ့ ကောင်းမိုက်ဟွန်း စခန်းကို အစိုးရတပ်က ဒီနေ့ ဇူလိုင်လ ၁ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ စ တင်ပစ်ခတ် တိုက်ခိုက်နေကြောင်း ရှမ်းပြည်တပ်မတော် အရာရှိများက ပြောပါတယ်။

ဟွေ့လွတ်၊ လွယ်ဖာဖွန့်၊ ကောင်းမိုက်ဟွန်း စခန်းများဟာ မိုင်းရှူးနဲ့ တန့်ယန်း မြို့နယ်များ အကြားမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်း မှာ အ စိုးတပ်နဲ့ ရှမ်းပြည်တပ်မတော် အကြား ဇွန်လ ၁၇ ကနေ့ ၂၀ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှု ရာ ဂဏန်းအထိ ရှိတယ်လို့လည်း သိရပါတယ်။

No comments: