Wednesday, July 11, 2012

ဒု-သမ္မတ သစ်မှာ ဦးသန်းရွှေ ၏လူဟု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး ကော်မတီဝင် တစ်ဦး ပြော

သျှမ်းသံတော်ဆင့်

ဒု-သမ္မတနေရာတွင် အစားထိုး ခန့်အပ်ရန်အတွက် အဆိုပြုလိုက်သည့် ဦးမြင့်ဆွေ သည် စစ်အစိုးရ ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏ လူဖြစ်ကြောင်း ၁၉/၅/၁၂ ကျိုင်းတုံ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲ တက်ရောက်သူတစ်ဦးက ပြောပါ သည်။

“တပ်ချုပ်ကြီး ဦးသန်းရွှေက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကာချုပ်ကြီး မင်းအောင်လှိုင်က ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင် အေး၊ သမ္မတကြီးက ဗိုလ်ချုပ်ကြီး လှဌေးဝင်းကို ဒု-သမ္မတ နေရာအတွက် ရွေးချယ် တင် မြှောက်ချင်ကြတယ် ” ဟု နေပြည်တော်မှ ပြည် ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြာခဲ့ ပါ သည်။

ကျန်းမာရေးကြောင့် ဒု-သမ္မတ သီဟသူရတင်အောင်မြင့်ဦးသည် အနားယူမည်ဟု လွန်ခဲ့သည့်တပတ် လွှတ်တော် အစည်းအဝေး၌ ကြေ ငြာခဲ့ ကြောင်း၊ ဦးတင်အောင်မြင့်ဦးအား စစ်ဖက်မှ ရွေးချယ်တင် မြှောက်ခဲ့သဖြင့် စစ်အရာ ရှိဟောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ အား စစ်ဖက်မှ ပြန်လည်ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဆို၏။

“ဦးသန်းရွှေ တင်မြှောက်ချင်တဲ့လူကို ရွေးချယ်လိုက်တယ်ဆိုတော့ ဦးသန်းရွှေဟာ စစ်ဖက်မှာရော နိုင်ငံရေး ဖက်မှာပါ ဩဇာ အာဏာ ရှိနေ တုန်းဆိုတာ သက်သေပြ လိုက်တာဘဲ” ဟု RCSS/SSA မှအမည်မဖော်လိုသူအရာရှိ တဦးက ပြောပါသည်။

လွန်ခဲ့သည့် မေလကတည်းက ဒု-သမ္မတ ဦးတင်အောင်မြင့်ဦး အနားယူမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော် လည်း လွှတ်တော်အ စည်း အဝေး ပိတ်ရက်တိုက်နေသဖြင့် ချက်ခြင်း တရားဝင် မထုတ်ပြန် နိုင်ခဲ့ကြောင်း အဆိုပါ ကော်မတီဝင်က ဆိုခဲ့ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါစာမျက်နှာ ၂၅ ၊ ပုဒ်မ ၃၇ တွင် ဒု-သမ္မတရာထူးနေရာ လစ်လပ် နေလျှင် ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ကျင်းပနေချိန်ဖြစ်ပါက ၇ ရက်အတွင်း၊ လွှတ်တော် အစည်းအဝေး ကျင်းပနေ ချိန် မဟုတ်ပါက ၂၁ ရက်အတွင်း ပြန် လည် ရွေးချယ် တင်မြှောက်ရမည်ဟု ရေးသားပါရှိသည်။

No comments: