Wednesday, July 11, 2012

ဒုက္ခသည် ဦးလထော်ဘရန်ရှောင် အား ဖောက်ခွဲသူအဖြစ် ဖြောင့်ချက်ယူခိုင်း လိုက် ပြီ

KNG

ကချင်ပြည်နယ် မြစ်ကြီးနား တရားရုံး၌ဖြောင့်ချက်ပေးခဲ့စဉ် ၀မ်းဗိုက်ပေါ်တွင် အသံဖမ်းစက်တွေ့ရှိခြင်းကြောင့် တရားသူကြီးမှ ဖြောင့် ချက် ပယ်ချခံထားရသည့် ဂျန်မိုင်ကောင်ဒုက္ခသည်စခန်း မှ ပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံခဲ့ရသူ ဦးလထော်ဘရန်ရှောင်အား အာဏာပိုင်များ ကမြို့ နယ်တရားသူကြီးထံမှ ဖြောင့်ချက်ပြန်ယူခိုင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လိုင်လ ၂၈ ရက်နေ့က ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) အား စွဲချက်တင်ထားသော စစ်ဘက်ရေးရာ လုံခြုံ ရေးအဖွဲ့ စရဖ ဗိုလ်ကြီးကျော်စွာလင်းသည် တရားသူကြီး ဦးဇော်မင်းထံ ဖြောင့်ချက်ပယ်ချခံခဲ့ရပြီးနောက် ၄င်းကိစ္စအားအထက်သို့ တင်ပြခြင်း မပြုပေးရန် ပြောဆိုပြီး မြို့နယ်တရားသူကြီးဦးဇော်လင်းထွန်း ထံ ဇွန်လိုင်လ ၂၉ ရက်နေ့တွင် ဖြောင့်ချက်ပေးနိုင် ခဲ့ခြင်းဖြစ် ကြောင်း ရှေ့နေ ဦးမာခါး ပြောသည်။

“သူ့ကို စဖမ်းပြီး ရက်ပေါင်း ၁၅ ရက်ကြာမှ ဇူလိုင် ၂ ရက်နေ့မှ ကျနော်လည်း သူ့ရှေ့နေ အနေနဲ့ ပထမအကြိမ် တွေ့ရတာပေါ့။ အကြာကြီး ဖမ်း ဆီးချုပ်နှောင်ထားပြီး နှိပ်စက်ညှင်းပမ်းပြီး မှ ဖြောင့်ချက်ယူခိုင်းတဲ့ သဘော တက်ရောက် တာပေါ့။ ဇွန်၂၈ ရက်နေ့မှာတော့ ဖြောင့်ချက်မယူ တော့ ဘူးပေါ့ နော်။ ဒါပေမဲ့ ၂၉ ရက်နေ့မှာ ဦးဘရန်ရှောင်ကို သူတို့(စရဖ) တခေါက် ပြန် ခေါ်လာခဲ့ပြီး ဦးဇော်လင်းထွန်းဆိုတဲ့ မြို့နယ် တရား သူကြီးရှေ့မှာ ဖြောင့်ချက်ပြန်ယူခဲ့တယ်” ဟု ပြောသည်။

ထိုနောက် ဦးလထော်ဘရန်ရှောင်အား ဖြောင့်ချက်ယူခိုင်းပြီး ထောင်ကြီးသို့ ပို့ခဲ့ကြောင်း သိရသည်။

ဦးလထော်ဘရန်ရှောင်အား ဂျန်မိုင်ကောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ပြေးဒုက္ခသည်စခန်းမှ ဇွန်လ ၁၇ ရက်ညတွင် မြစ်ကြီးနား စစ် ဘက် ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)နှင့် အမှတ်(၁) ရဲစခန်းမှ ရဲတပ်ဖွဲ့များက ဖောက်ခွဲရေးဆိုင်ရာ (ပ) ၁၂၂/၂၀၁၂ ပေါက်ကွဲ(၃) အမှု နှင့် ဆက်စပ်၍ မေးမြန်းစစ်ဆေးရန် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်၍ ၄င်းအား နှိပ်စက်ရိုက်နှက်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဦးဘရန်ရှောင်အား အမှုစွဲဆိုခဲ့သော တရားလိုဖြစ်သည့် စရဖ ဗိုလ်ကြီးကျော်စွာလင်းအား ယနေ့တွင် ၎င်း ကိစ္စနှင့်ပတ်သက်ပြီး တ ရား ရုံးတွင် အမှုစစ်ဆေးမည်ဖြစ်ကြောင်း ဦးမာခါးကပြောသည်။

ရှေ့နေဦးမာခါးသည်လည်း ဦးဘရန်ရှောင်၏ ရှေ့နေတစ်ယောက်အနေဖြင့် တရားဥပဒေနှင့်အညီ တရားရုံးတွင် ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြောသည်။

ဦးဘရန်ရှောင်အား ဖမ်းဆီးမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့တွင်လည်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကချင်နှစ် ခြင်း ခရစ်ယာန် သင်းအုပ်ဆရာများ ဦးဆောင်၍ ဦးလထော်ဘရန်ရှောင်အား လွတ်ပေးရန် လူ ၁၀၀၀ ခန့် ငြိမ်းချမ်းစွာ စီတန်း လှည့် လည် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ထိုသို့တောင်ဆိုမှုနှင့်ပတ်သက်၍ အစိုးရဖက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိလျင် ဒေသခံပြည်သူများသည် ဆက်လက် ဆန္ဒထုတ်ဖော် တောင်း ဆို သွားရန်ရှိကြောင်းသိရသည်။

အစိုးရအာဏာပိုင်များသည် ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဦးဘရန်ရှောင်အား မြစ်ကြီးနားမြို့တွင်း ဖောက်ခွဲသူတရားခံအဖြစ် သတင်းစာ တွင် ဖော်ပြရေးသားခဲ့သလို ဒုက္ခသည်တာဝန်ရှိသူများနှင့် မိသားစုအသိုင်းအ၀ိုင်းများသည် ၄င်းသည် အပြစ်မဲ့ပြည်သူ တစ်ဦးသာ ဖြစ် ကြောင်း ပြောဆိုနေကြသည်။

No comments: