Wednesday, July 4, 2012

မိုးအကုန်တွင် သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရေး စတင်မည်ဟု ဝန်ကြီး ပြော

ကောင်းဝါ

မိုးရာသီအကုန်တွင် သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ်ရန်အတွက် တိုင်းတာခြင်းလုပ်ငန်းများကို စတင် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက တနင်္ဂနွေနေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေး ခန်း မ၌မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ် အတွင်းက ဖက်ဆစ်ဂျပန်များ ဖောက်လုပ်ခဲ့သည့် ထိုရထားလမ်းကို နိုင်ငံတော် အစိုးရအဖွဲ့နှင့် ပြည်ထောင်စု လွှတ် တော်၏ သဘောတူညီချက် ရရှိပါက ဖောက်လုပ်သွားမည်ဟု ဆိုသည်။

ရထားလမ်း ဖောက်လုပ်မှုနှင့် ပတ်သက်၍ တရားဝင် ပြောဆိုမှုသည် ဒုတိယအကြိမ် ဖြစ်ပြီး မေလ ၁၅ ရက်နေ့က ကရင်ပြည်နယ် ကြား အင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၆ ဆက်ဆံရေးရုံး ဖွင့်ပွဲအ ခမ်း အနားတွင်လည်း ရထားပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ရထားလမ်း ပျက်သွားတော့ ဘောင်တွေ ကျန်နေခဲ့တယ်။ အဲဒီလမ်းဟောင်း အတိုင်းပဲ ကျနော်တို့ ပြန်ပြီး ဖောက်သွားမယ်။ အခုသုံးနေတဲ့ ကားလမ်းက အရင် ရထားလမ်းဟောင်းပါ၊ ကားလမ်းကိုတော့ ရထားလမ်းနဲ့ ယှဉ်ပြီး အသစ် ပြန်ဖောက်ပေးဖို့ ကျနော်တို့ အစီအစဉ် ချပြီးပြီ” ဟု ဦးအောင်မင်းက ပြောကြားခဲ့သည်။

သေမင်းတမန် ရထားလမ်းသည် မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ စတင်ပြီး၊ ဘုရားသုံးဆူ တောင်ကြားကို ဖြတ်ကာ ထိုင်းနိုင်ငံ ဘန် ပေါင် (Ban Pong) မြို့ထိ ဖောက်လုပ်ခဲ့ပြီး၊ လမ်းတခုလုံး မိုင် ၂၅၀ ကျော် ရှည်လျားကာ မြန်မာနိုင်ငံ အတွင်းပိုင်းတွင် မိုင် ၆၅ မိုင် ခန့် ရှိသည်။

ယခုလက်ရှိ ပြေးဆွဲနေသည့် မော်တော်ကားလမ်းမှာမူ အရှည် ၆၅ မိုင် ၅ ဖာလုံ ရှိပြီး၊ ဂျပန်များ စစ်ရှုံးပြီးနောက် ဖျက်ဆီးခံခဲ့ရသည့် အ ဆိုပါ ရထားလမ်းနှင့် ယှဉ်ကာ ဖောက်လုပ်ထားခြင်း ဖြစ်သည်။

၎င်းရထားလမ်းကို နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှု အဆင်ပြေစေရန်နှင့် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရန်အတွက် ရည်ရွယ်ပြီး၊ ဒေသ တွင်း တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် အပါအဝင် ထိုင်းအစိုးရနှင့် ပူးပေါင်းကာ ဖောက်လုပ်သွားမည်ဟု ဝန်ကြီးက ပြောသည်။

ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်များကမူ သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ်မည့် စီမံကိန်းသည် မြန်မာနိုင်ငံ ကမ်းရိုး တန်း တလျှောက်တွင် ဆောက်လုပ်မည့် ရေနက်ဆိပ်ကမ်း လေးခုအနက် တခု အပါအဝင် ဖြစ်သည့် မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည်ဟု ဆိုသည်။

မတ်လဆန်းတွင် မွန်စီးပွားရေး လုပ်ငန်းရှင်များက မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ကုလားဂုတ် ရေနက်ဆိပ်ကမ်း ဆောက်လုပ် မည့် အစီအစဉ် အပါအဝင် စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သည့် ရေး-သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ ရေး-သံဖြူဇရပ်-ကြာအင်းဆိပ် ကြီး-ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်း ဖောက်လုပ်ရေးနှင့် ဘုရားသုံးဆူမြို့ အနီးတွင် စက်မှုဇုန် တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြ သည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ စီးပွားရေး လုပ်ငန်းရှင် နိုင်စိုးမြင့်က ပြောသည်။

ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန်အတွက် ၁၉၉၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ရာမည အင်တာနေရှင်နယ် ကုမ္ပ ဏီ လိမိတက်နှင့် ထိုင်း Power-P ကုမ္ပဏီတို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စတင်အကောင် အထည် ဖော်ခဲ့သော် လည်း ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် မဟာမိတ် လက်နက်ကိုင် အဖွဲ့တခု၏ ကန့်ကွက်မှုကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့သည်ဟု မွန်ပြည်သစ် ဗဟိုကော်မတီဝင်ဟောင်းတဦးလည်း ဖြစ်သူ နိုင်စိုးမြင့်က ပြောသည်။

ယခုပြန်လည် ဖောက်လုပ်မည့် ရထားလမ်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် KNU တို့ လှုပ် ရှားရာ နယ်မြေကို ဖြတ်သန်းရမည် ဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရန် အရေး ကြီးကြောင်း မွန်ပြည်သစ်ပါတီ၏ မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

"ဒီလမ်းကို ဖောက်နိုင်မယ် ဆိုရင် ကျနော်တို့ ပြည်သူတွေအတွက် လမ်းပန်း ဆက်သွယ်ရေးကော၊ စီးပွားရေးကော အဆင်ပြေလာနိုင်စရာ ရှိ ပါတယ်၊ ဒါပေမဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှပဲ ဒီလမ်းက ရေရှည် တည်တံ့ ပါလိမ့် မယ်" ဟု သူက ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်း မီးရထားလမ်း ဖောက်လုပ်စဉ်က တောင်ဖြိုဖောက်ခြင်း၊ သစ်လုံးကြီးများကို ထမ်းရခြင်း၊ အစာရေစာ မဝလင်ခြင်းနှင့် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ တို့ကြောင့် မြန်မာနိုင်ငံသား ၈၀,ဝ၀ဝ ကျော်နှင့် မဟာမိတ် တပ်သား ၁၀,ဝ၀ဝ ကျော် အသက် ဆုံးရှုံးခဲ့ကြရသည်။

No comments: