Thursday, July 19, 2012

အစိုးရတပ် အရာရှိငယ် တစ်ဦးက တည်းခိုခန်း ပိုင်ရှင်အား ရိုက်နှက်

ကော့လီ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ တည်းခိုခန်း တစ်ခုရဲ့ ပိုင်ရှင်ကို အစိုးရတပ် အရာရှိ ငယ် တစ်ဦးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ညသန်း ကောင်ယံ အချိန်မှာ ရိုက်နှက် ခဲ့တယ် လို့ သတင်း ရရှိ ပါတယ်။

ဒုတိယဗိုလ် ဝေမင်းဦး (၂၂ နှစ်) က နမ့်ခမ်းမြို့လယ်ရှိ ည ၁၁ နာရီအချိန်မှာ ၎င်းတည်းခိုတဲ့ သပြေ တည်းခိုခန်းကို ရှေ့ကမဝင်ဘဲ နောက်ဖေးက ကျော်တက်လာပြီး တည်းခိုခန်း ပိုင်ရှင် စိုင်းပီး နဲ့ စကားများကာ အခုလို ရိုက်နှက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တည်းခိုခန်း နောက်က မှန်ခွဲသံ ကြားလို့ စိုင်းပီး က ထလာကြည့် တယ်။ အဲဒီမှာ စကားများ ကြ တာပေါ့။ အဲဒီအချိန်မှာ တည်းခိုခန်း စာရေး တွေလည်း တက်လာတော့ စစ်ဗိုလ်က စိုင်းပီး မျက်နှာကို ဓာတ်မီးနဲ့ ထိုးတယ်။ တုတ်နဲ့ ရိုက် တယ်။ စိုင်းပီး သွားနှစ်ချောင်း ကျိုးသွား တယ်။ ခေါင်းလည်း ကွဲသွားတယ်။ စိုင်းပီး က စစ်ဗိုလ် ကိုင်တဲ့ တုတ်ကို ဝင်လုလို့ရတော့ စစ် ဗိုလ်က သေနတ် ထုတ်ပြီး ပစ်တယ်။ ကံ ကောင်းလို့ ကျည်မထွက်တာ၊ ပစ္စတို သေ နတ်က ကျည် ကပ်ပြုတ်ကျသွားပြီး ကြမ်းခင်းပေါ် ပြန့်ကြဲသွားတယ်။ – လို့ နမ့်ခမ်းမြို့ခံ တစ် ဦးက ပြောပြ ပါတယ်။

စိုင်းပီး ကို သေနတ်နဲ့ ပစ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အဲဒီ သပြေ တည်းခိုခန်းမှာ တည်းခိုနေ တဲ့ ဒု တိယဗိုလ် ဝေမင်းဦးရဲ့ မိခင်က အသံကြားပြီး ထွက်လာကာတောင်းပန်ချော့မော့ပြော ဆိုလို့ ဒုတိယဗိုလ် ဝေမင်းဦးက တည်းခိုခန်းမှ ထွက်ခွာသွားကြောင်း သိရပါတယ်။ သပြေ တည်းခိုခန်းမှာ ဒုတိယဗိုလ် ဝေမင်းဦး တို့သားအ မိ အပြင် ဒုတိယဗိုလ်ဝေမင်းဦးရဲ့ အထက် အရာရှိ ဗိုလ်ကြီး ကိုကိုဦးနဲ့ သူတို့တပည့် ရဲဘော်များလည်း တည်းခိုနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ရိုက်နှက်သံများကို ကြားရ ကြောင်း၊ မိမိတပည့်က ဝင်ရိုက်နှက်နေမှန်း မထင်ခဲ့ကြောင်း အဲဒီသပြေ တည်းခိုခန်းမှာ တည်းခိုနေ တဲ့ ဗိုလ်ကြီး ကိုကိုဦး ကပြော တယ်လို့အဆိုပါ နမ့်ခမ်းမြို့ခံက ကော့လီကို ပြောပြပါတယ်။

ရိုက်နှက်ခံရတဲ့ စိုင်းပီး ကို ညတွင်းချင်း ဆေးရုံပို့ခဲ့ရာ ခေါင်းကို ၆ ချက်၊ နှုတ်ခမ်းအောက် ၂ ချက် ချုပ်ရ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညတွင်းချင်း နမ့်ခမ်းမြို့ ရဲစခန်းကို သွားရောက်တိုင်ကြားပေမယ့် ညဉ့်နက်ပြီဖြစ်လို့ မနက်ကျမှ အရေးယူ ဆောင်ရွက်ပေးမယ် လို့ တာဝန်ကျ ရဲအရာရှိများက ပြန်ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

နောက်တစ်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်မှာ ရဲများ၊ ဗိုလ်ကြီး ကိုကိုဦး တို့က ၎င်းတို့အနေနဲ့ ဒုတိ ယဗိုလ် ဝေမင်းဦး ကို ရှာဖွေတွေ့ခြင်းမ ရှိသေးကြောင်းပြောပါတယ်။ သက်သေခံ ပစ္စည်းများ ဖြစ်တဲ့ သေနတ် ကျည်ဆံများနဲ့ တုတ်ကို တော့ ရဲက သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။

အဲဒီနေ့ ညနေမှာတော့ ဗိုလ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ် ဝေမင်းဦး တို့သားအမိ ကိုယ်တိုင် သပြေ တည်းခို ခန်းကို ကိုယ်တိုင် လာရောက် ပြီး တည်းခိုခန်းပိုင်ရှင် မိသားစုကို တောင်းပန်တယ်လို့သိရပါတယ်။

တည်းခိုခန်းပိုင်ရှင် မိသားစုက ကြေအေးမလား မကြေအေးဘူးလား ဆိုတာကိုတော့ သိရခြင်း မရှိသေး ပါဘူး။

No comments: