Tuesday, July 17, 2012

"မွန်နှင့် ပဲခူးရှိ မြို့နယ်အချို့တွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့် မရ"

ကောင်းဝါ

တိုင်းနှင့် ပြည်နယ်ရှိ မြို့နယ် အများစုတွင် ၆၅ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့် ရရှိခဲ့သော်လည်း ပဲခူးတိုင်းနှင့် မွန် ပြည် နယ်ရှိ မြို့နယ်အချို့တွင် ကျင်းပခွင့် ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း ပဲခူးမြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့၌လည်းကောင်း၊ ပြည်မြို့တွင် ဇူလိုင်လ ၁၁ ရက်နေ့၌လည်းကောင်း၊မွန်ပြည်နယ်ရေးမြို့တွင် ဇူလိုင် လ ၁၁ ရက်နေ့၌လည်းကောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ကျင်းပခွင့် မပြုကြောင်း အသီးသီး အကြောင်းပြန်ကြား ခဲ့ ကြသည်။

ကျင်းပခွင့် မပြုခြင်းမှာ အခမ်းအနား ပြုလုပ်ရန် သတ်မှတ်ထားသော နေရာ မဟုတ်ခြင်း၊ အများပြည်သူဆိုင်ရာ နေရာဖြစ်ခြင်းနှင့် စည် ပင် သာယာ နယ်နိမိတ်အတွင်း တည်ရှိခြင်းကြောင့် ဖြစ်သည်ဟု သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ အကြောင်းပြန်ကြားချက်တွင် ပါ ရှိသည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပဲခူးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရှေ့နှင့် ရေးမြို့တွင် အာဇာနည်ကျောက်တိုင် ရှေ့၌လည်း ကောင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) က ပြည်မြို့တွင် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ် ရှေ့၌လည်းကောင်း ကျင်းပခွင့် ရ ရန် အ သီးသီး တောင်းဆို တင်ပြထားခဲ့ကြသည်။

“ရေးမှာက အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့် မပြုဘူးလို့ အကြောင်းပြန်တာပေါ့နော်။ ဒီအာ ဇာနည်နေ့ ကျင်းပမဲ့နေရာက သူတို့ အစိုး ရပိုင်မြေနေရာမှာ ဖြစ်နေတယ် ဆိုပြီးတော့ အကြောင်းပြတယ်။ နောက်တချက်က ဒီအာဇာ နည်နေ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပတာ ဖြစ်တဲ့အတွက် နယ်မှာ ကျင်းပပြုလုပ်ရန် မလိုဘူး အဲဒီလို အကြောင်းပြတယ်။ သံဖြူ ဇရပ်မှာလည်း ခွင့်မပြုဘူးလို့ ကြားတယ်။ အကြောင်းပြ တဲ့ဟာကို ကျနော်တို့ဆီ မတင်လာသေးဘူး” ဟု မွန်ပြည်နယ် NLD ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်က ပြောသည်။

ပဲခူး NLD ပါတီဝင် ကိုဂျမားကလည်း “ဗိုလ်ချုပ်ကြေးရုပ်က အထိမ်းအမှတ်အနေနဲ့ လုပ်ထားတာ၊ လွမ်းသူ့ပန်းခွေ ချမယ့်နေရာ မဟုတ်ဘူး၊ ဒါ့ ကြောင့် ခွင့်မပြုနိုင်ဘူးတဲ့၊ ဒါနဲ့ ကျနော်တို့က ခွင့်ပြုတဲ့နေရာမှာ လုပ်မယ်ဆိုတော့လည်း ကျ နော်တို့ သတ်မှတ်ပေးလို့ မရပြန်ဘူးတဲ့၊ နာရီစင် ပန်းခြံမှာ ကျနော်တို့ ဆက်တောင်းတယ်။ အဲဒီနေရာလည်း ကျနော်တို့ကို ခွင့်မပြုဘူး။ ဒါဆို မိုးလုံလေလုံခန်းမမှာ ခွင့်တောင်းတယ်၊ တနေရာမှ မရဘူး” ဟု ပြောသည်။

ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်းတွင် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ကို မြို့နယ်အသီးသီးတွင် စစ်အစိုးရက ပိတ်ပင်လိုက် ပြီး နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ဆွမ်းကပ်ခြင်းနှင့်အထိမ်းအမှတ်ဟောပြောပွဲများကို ဘုန်းတော်ကြီးကျောင်း၊ အိမ်နှင့် ရုံးများတွင်သာ ပြုလုပ်ခဲ့ကြရသည်။

အခမ်းအနား ကျင်းပခွင့် မရသည့် သက်ဆိုင်ရာ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် ယခင်နှစ်များတွင် ကျင်းပသကဲ့သို့ ဆက် လက်ကျင်းပသွားမည်ဟု ဆိုသည်။

ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၆၅ ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနားကိုတက်ရောက်ရန်ပြည်ထောင်စုရွေး ကောက် ပွဲကော်မရှင်က နိုင်ငံရေးပါတီတခုကို ၅ ဦးစီ ဖိတ်ကြားထားပြီး ယမန်နှစ်က ဖိတ်ကြားခြင်း မရှိသည့် နိုင်ငံရေးပါတီများကိုလည်း ဖိတ်ကြား ထားသည်။

No comments: