Monday, July 2, 2012

မြန်မာ သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ရွှေ့ဆိုင်း

နိရဉ္စရာ

မြန်မာ သမ္မတ ဦးသိန်းစိန်၏ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ လာရောက် လည်ပတ်မည့် ဘင်္ဂလာဒေခ်ျ့ သုံးရက်ကြာ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိုသို့ ရွှေ့ဆိုင်း လိုက်ခြင်းကို ယမန်နေ့က ပြုလုပ်သော နှစ်နိုင်ငံခြား နိုင်ငံခြားရေး ဒုဝန်ကြီး အဆင့် ဆွေးနွေးပွဲတွင် မြန်မာဘက်က ပြောဆို ခဲ့သည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့အကြား ၂ ရက်ကြာ နိုင်ငံခြားရေး ဒုဝန်ကြီး အဆင့် ဆွေးနွေးပွဲကို ဒက္ကားမြို့တွင် ယမန်နေ့က စတင်ပြီး ကျင်း ပပြု လုပ်နေသည်။

ယခုကဲ့သို့ မြန်မာ သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်အား ရွှေ့ဆိုင်းရခြင်းမှာ ရခိုင်တွင် လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မူ များ ကြောင့် ဖြစ်သည်ဟု မြန်မာဘက်က ပြောကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ရေးသား ဖေါ်ပြသည်။

သမ္မတကြီး ဦးသိန်းစိန်သည် ရာမဒမ် ဥပုတ်လ ပြီးနောက် ဘင်္ဂလာဒေခ်ျ့သို့ လာရောက်မည် ဖြစ်သော်လည်း နေ့ရက် အတိအကျကို မသတ် မှတ်ရသေးကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် မီဇရုလ် ကွာယက်စ်က မနေ့က သတင်းစာ ရှင်းလင်း ပွဲတွင် ပြော သည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက ရောက်ရှိနေသော ဒုက္ခသည်များ အရေးကို ဆွေးနွေးခဲ့ကြပြီး မြန်မာဘက်က မူ အားဖြင့် လက်ခံရန် သဘောတူခဲ့သည်ဟု သိရသည်။ သို့သော်လည်း မြန်မာဘက်မှ ယခု ဘင်္ဂလာဒေခ်ျ့သို့ ရောက်ရှိနေသူများမှာ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အထောက်အထား ရှိမှသာ လက်ခံမည် ပြောဆိုခဲ့ကြောင်း သိရသည်။

No comments: