Thursday, July 12, 2012

တရုတ်စားသုံးဆီများ မူစယ်မြို့၌ ဖမ်းဆီး

သျှမ်းသံတော်ဆင့်

တရုတ်နယ်စပ်ဘက်မှ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ယခုလ ၉ ရက်နေ့က စသုံး လုံး နှင့်ရဲများ ပူးပေါင်း၍ ရှာဖွေဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံနယ်စပ် ကျယ်ဂေါင် - မူစယ် အဝင်အထွက် ဆင်ဖြူဂိတ်၌ ကားဖြင့် တင်ဆောင်လာသော ဆီပေပါ ၅ လုံးနှင့် မူစယ်မြို့ ဈေးရပ် ကွက် တွင် ဆီဗူးများ သိုလှောင်ထားသော ဂျပ်ဖါ ၁၀၀ ကျော်ခန့် ၄င်းနေ့ ညနေပိုင်း က သိမ်းဆည်းရမိ ကြောင်း ရဲသတင်းရပ်ကွက်နှင့် နီးစပ်သူ တစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဆင်ဖြူဂိတ်နဲ့ ဈေးရပ်ကွက်ထဲမှာ ၀င်ဖမ်းတာပေါ့ ဂိတ်မှာကတော့ ကားပေါ်ပြောင်းတင်နေတဲ့ အ ချိန် ဆီပေ ပါ ၅ လုံး ဖမ်း မိတယ်။ ဈေးရပ် ကွက် မှာက တစ်လီတာဝင်ဗူးလေးတွေကို ဂျပ်ဖာထဲမှာထည့်ထားတာပေါ့ ။ စုစုပေါင်း ဂျပ်ဖာ ၁၀၀ ကျော် ဖမ်းမိတယ်။” ဟု နီးစပ်သူက ဆို သည်။

၎င်းစားသုံးဆီပိုင်ရှင်များကို အာမခံဖြင့်ပြန်လည်လွတ်ထားပေးပြီး တရားစွဲဆိုခြင်း မရှိကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာဘက်သို့ တရားမဝင်တင်သွင်းလာသော စားသုံးဆီများသည် ဆီမဟုတ်ကြောင်း လွန်ခဲ့သည့် ဂျွန်လ ကုန်ပိုင်းက မြန်မာ ဘက်မှ ဓါတ်ခွဲတွေ့ရှိခဲ့ပြီး တရုတ်ဆီတင်သွင်းမှု အပေါ် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

No comments: