KNG
မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ပေါင်းစုသည် ဗန်းမော်ခရိုင် နားလုံ ရာ ဘာခြံတွင် နှစ်ရက်ကြာ ပြင်း ပြင်းထန် ထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA တပ်ဖွဲ့မှ ဗိုလ်တစ်ဦးနှင့် တပ်သား ၄ ဦးကျဆုံးကာ ၇ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း လိုင်ဇာ ဗဟို ဌာနချူပ် အရာရှိ တစ်ဦး ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချူပ် လိုင်ဇာအနီး လဂျားယန်ရှိ မြန်မာအစိုးရတပ် လုံရောက် (Lung Rawk) သို့ ရိက္ခာလာပို့သည့် မြန် မာအစိုးရစစ်တပ် ခမရ (၃၂၀) နှင့် (၃၈၃) စစ်ကြောင်း နှစ် ကြောင်းကို စစ်အင်အား ၁၅၀ ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုး ရတပ်ဖွဲ့မှ ၁၄ ဦး သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိကြောင်း ရှေးတန်းသတင်းမှ သိရသည်။
“ကျနော်တို့ပြန်သွားကြည့်တယ်။ တချို့ကိုတော့ မြုပ်ထားတယ်။ တချို့က ဒီတိုင်း သေနေတာ။ ကျနော်တို့ ပြန်မြုပ်ပေးလိုက်တယ်။ အားလုံး ပေါင်းရင် ၁၄ ယောက်ဟုတ်တယ်။ ဒဏ်ရာရတာလည်းပါတယ်” ဟု ရှေးတန်းမှ တပ်သား တစ်ဦး ပြောသည်။
၎င်းတိုက်ပွဲသည် ပြီးခဲ့သည့် ဇွန်လ ၂၈-၂၉ အတွင်း ဆက်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ယခု ချိန်တွင် နှစ်ဖက်တပ်များ ပြန် လည် နေရာယူ နေကြဆဲဖြစ်ကြောင်းဆက်ပြောသည်။
“မြန်မာအစိုးရတပ်များက ရိက္ခာလာပို့တာ။ ပစ်ခတ်ရင်း ဝင်သွားတယ်။ အားလုံးက မဝင်ဘူး။ တချို့ကဝင်သွားတယ်။ ခြေလျင်နဲ့ လာတာ။ အ ခုတော့ တိုက်ပွဲမဖြစ်တော့ဘူး။ အားလုံးပြန်သွားပြီ” ထို့အပြင် ဇူလိုင် ၁ ရက်တွင် လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) အနီး ရိခူး (Yi Hku) နေရာတွင် KIA တပ်ရင်း ၃၆ မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာအ စိုးရတပ်မှ ကျဆုံးမှုများရှိကြောင်း တပ်မဟာ (၄) အရာရှိ တဦးမှ သိရသည်။
ကချင်ပြည်နယ်တွင်း KIO တပ်အခြေစိုက်ရာနေရာသို့ အစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား လျက် ရှိကြောင်းသိရသည်။
အစိုးရနှင့် KIO သည် ငြိမ်းချမ်းရေးအတွက် ရှေးဦးစွာ ကချင်ပြည်နယ်ရှိ အစိုးရ စစ်တပ်များ ဆုတ်ခွာပေး နိုင်ရန် နှစ်ဖက် ညှိနှိုင်းဆွေး နွေး ခဲ့သော်လည်း အောင်မြင်မှုမရှိသေးပေ။
No comments:
Post a Comment