Tuesday, July 10, 2012

အစိုးရယာဉ်တန်းအား KIA တိုက်ခိုက်မှုတွင် ၂ ဦးသေ ၆ ဦးဒဏ်ရာရ

KNG

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) တပ်ဖွဲ့မှ ဇူလိုင်လ ၈ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်- နမ့်ခမ်းကြားတွင် မြန် မာအ စိုးရစစ်ယာဉ်တန်းအား တိုက်ခိုက်ခဲ့ရာ အစိုးရဖက်မှ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့ နံနက် ၁၁ ခွဲချိန်တွင် အစိုးရတပ်ကား ၅ စီးကို မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ရာ မြန်မာအစိုးရတပ်မှ ထိခိုက် သေဆုံး ခဲ့ ခြင်းဖြစ် ကြောင်း တပ်မဟာ (၄)မှ အရာရှိတဦး ဆိုသည်။

“ကား ၂ စီး ပျက်သွားတယ်။ အရမ်းတော့ မပျက်စီးဘူး။ လူက ၂ ဦးသေတယ်။ ၆ ယောက် ဒဏ်ရာ ရသွားတယ်။ ခု မူဆယ် ဆေးရုံမှာလို့ကြား တယ်။”

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) အထက် ခလွမ်တွင်ရှိသော မြန်မာအစိုးရတပ် ရဲစခန်း တခုကို KIA တပ်ရင်း (၃၆)မှ ဇူလိုင် လ ၆ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲဝန်ထမ်း ၄ ဦး ကျည်ဆံထိမှန် ကျဆုံးခဲ့ကြောင်းသိရသည်။

၎င်းရဲစခန်းတွင် တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ရှိပြီး ၆ ဦးသည် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားကြောင်း တပ်ရင်း ၄ အရာရှိပြောသည်။

“၄ ယောက် သေတယ်။ ကျန်တဲ့ ၆ ယောက်က ထွက်ပြေးသွားတယ်။ တရုတ်ပြည်ဘက် ဝင်သွား တယ်။ သူတို့လက်နက်တွေ ရေထဲ ပစ်ချပြီး ဝင်သွားတယ်” ဟု ပြောသည်။

၎င်း ရဲစခန်းမှ သေနတ် (၄) ချောင်းနှင့် ပစ္စည်းများ သိမ်းဆည်းရမိကြောင်းသိရသည်။ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် ငြိမ်းချမ်းရေးအတွက် ယခုလအတွင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ညှိနှိုင်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ်တွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အခြေစိုက်သောနေရာများသို့ မြန်မာအစိုးရတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နေ့စဉ် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

No comments: