Saturday, July 14, 2012

ဘွမ်ဆောန်ဘွမ် တွင် KIA နှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်

KNG

ကချင်ပြည်နယ် ဗန်းမော်-လိုင်ဇာကြားရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဘွမ်ဆောန်ဘွမ်တပ်စခန်းကို မြန်မာအစိုးရစစ်တပ် တပ် ပေါင်းစု များမှ အင်အားတိုးချဲ့ထိုးစစ်ဆင်နေခြင်းကြောင့် ဆက်လက်၍ တိုက်ပွဲများပြင်းထန်နေသည်။

ယမန်နေ့ ဇူလိုင် ၁၂ ရက်တွင် KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ အစိုးရတပ် မန်ဂျေ (မံစီ)အခြေစိုက် ခမရ ၆၀၁ အား ဗုံးပစ်ခတ် တိုက် ခိုက်ခဲ့ရာ အစိုးရတပ်သား ၁၀ ကျော်ကျဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း KIA အရာရှိများပြောသည်။

ဇူလိုင် ၁၁ ရက် နံနက် ၅ နာရီချိန်တွင်လည်း KIA မှ မိနစ် (၃၀) အချိန်တိုအတွင်း ဘွမ်ဆောန်ဘွမ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြန်မာအ စိုး ရတပ်မှ သေဆုံးမူရှိကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တိုင်း သေဆုံးမှုရှိတယ်။ အနည်းနဲ့အများပဲ။ မသေရင်လဲ အနည်းဆုံး ၃၊ ၄ ယောက် ဒဏ်ရာရတာရှိတယ်” ဟု ဗဟိုဌာနချုပ် လိုင် ဇာမှ အရာရှိတဦးဆိုသည်။

ဇူလိုင် ၈ ရက်နေ့တွင် အစိုးရတပ်ဖက်မှ လက်နက်ကြီးများဖြင့် KIA ဘွမ်ဆောန်ဘွမ် တပ်စခန်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နောက် ဆုတ်ပေးခဲ့ရာမှ တိုက်ပွဲများ ဆက်လက်၍ ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာတပ်စခန်းက သူတို့နေတဲ့ ခန်းကိုင် (Hkang Kai) စခန်းကနေ တနေကုန် ပစ်တာ။ လက် နက်ကြီး ၁၂၀ မမ နဲ့ ပစ်တာ။ မနက် ၇ နာရီ ခွဲကနေ ည ၈ နာရီခွဲလောက်ပစ်တာ” ဟု KIA ရှေ့တန်းမှပြောဆိုခဲ့သည်။

ယခုချိန် ဘွမ်ဆောန်ဘွမ် KIA တပ်စခန်းတွင် မြန်မာအစိုးရတပ်မှ စစ်အင်အား ၁၀၀ ကျော်တိုးချထားကြောင်း သိရသည်။

ယခုချိန် မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ဘွမ်ဆောန်ဘွမ်တပ်စခန်းအနီး ဝန်းကျင်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေရာ အစိုးရတပ်ဖက်မှ သေဆုံးမှုများကို ပြောဆိုသော်လည်း KIA ဖက်မှ ထိခိုက်သေဆုံးမှုကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် တိုက်ပစ်ခတ်ရပ်နိုင်ရေးနှင့် တပ်များရုပ်သိမ်းရေးကို နိုင်ငံ ရေးနည်းလမ်းဖြင့် ညှိနှိုင်းဆောင်ရွက်ရန် နှစ်ဖက်ခေါင်းဆောင်များ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများသည် အဆက်မ ပြတ်ဖြစ်ပွား၍ နှစ်ဖက်သေဆုံးမှုများရှိနေသည်။

No comments: