Monday, July 9, 2012

ဆုံရပ် ညှိမရ၍ KIO နှင့်အစိုးရ မဆွေးနွေးနိုင်သေး

ကျော်ခ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ် မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်ရေး အတွက် တွေ့ဆုံဆွေး နွေးကြရန် အစီ အစဉ် ရှိသော်လည်း နေရာရွေးချယ်မှု သဘောမတူ ကြသဖြင့် အဆင် မပြေ ဖြစ်နေရကြောင်း သိရသည်။

“ရထားဝန်ကြီး ဦးအောင်မင်းက ဒီဇူလိုင်လမှတွေ့ကြဖို့ ပြောခဲ့တာရှိတယ်။ သူတို့ ခေါ်လာမယ့် သူ ဟာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့အ တွက်ကြောင့် ဗန်းမော်မြို့မှာ တွေ့ဖို့ကမ်းလှမ်းတာမျိုး ရှိ တယ်။ ကျ နော်တို့ ဘက်ကတော့ ဒီလိုမျိုး ရှေ့တန်း စစ်မြေပြင် တင်း မာနေတဲ့ အချိန်မျိုးမှာ ဗန်းမော်ကိုသွားပြီးတွေ့ဆုံဖို့ ဆိုတာ လက်ခံ နိုင်စရာအ ကြောင်းမရှိသေးဘူး၊ အဲဒီ အတွက်လည်း အစိုးရအဖွဲ့ကို အကြောင်း ပြန်ထားတယ်” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ဧရာဝတီသို့ ပြော သည်။

ဆက်လက်၍ ၎င်းက KIO နှင့် မြန်မာ အစိုးရတို့အကြား နှစ်ဘက် တွေ့ဆုံနိုင်ရန် အတွက် အကြိုညှိနှိုင်းမှုများ အဆင်မပြေ ဖြစ်နေသဖြင့် တွေ့ဆုံဆွေးနွေးရေး အလှမ်းဝေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

KIO ဘက်က မြန်မာအစိုးရနှင့် တွေ့ဆုံရန် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် မြို့နယ်တို့ကို အ ဆိုပြုထားပြီး ယခုလ ၉ ရက်နေ့ နောက်ပိုင်း တွေ့ဆုံရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်းနှင့် မူလက ပြောဆိုထားကြပြီး ဖြစ်သည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့များနှင့် KIO တို့အကြား တွေ့ဆုံခဲ့မှုများသည် နိုင်ငံရေးအရ တရားဝင် ဆွေးနွေးနိုင်မည့် အနေ အထားသို့ ရောက်ရှိ ရန် ဝေးကွာနေကြောင်း၊ နှစ်ဘက် ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် အစိုးရက ထိုးစစ်ဆင် နေမှုများ လက်တွေ့တွင် လျှော့ချပြ ရန် လိုအပ်ကြောင်း KIO ဘက်က ပြောသည်။

“အစိုးရအဖွဲ့တွေနဲ့ တွေ့ပြီး ပြောဆိုတဲ့ အခါ အစဉ်ပြေပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ယုံကြည်စရာ တခုမှ အဖြေ ထွက်မလာဘူး။ အခု ထက်ထိ နားလည်နိုင်တဲ့ အဆင့် တဆင့်မှ မရှိသေးဘူး။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့က အ တွင်းဘက်ကို ဝင်ပြီး ဆွေးနွေးမှုမှာ ပါ ဝင်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး။ တချိန်ချိန် နိုင်ငံရေး ဆွေးနွေးဖို့ လမ်းစ ရလာပြီဆိုရင် ကျနော်တို့ အနေနဲ့ ဘယ်နေရာကို မဆို လိုက်ပြီး တွေ့ဆုံ ဖို့ရှိပါတယ်” ဟု ဦးလနန်က ဆိုသည်။

ယခုအခါ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် KIO လက်အောက်ခံ တပ်များနှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ အပြင်း အ ထန်ဖြစ်ပွားနေသကဲ့သို့ အစိုးရတပ် များကလည်း တပ်အင်အား၊ လက်နက် ခဲယမ်းနှင့် ရိက္ခာများ အဆက်မပြတ် ဖြည့်တင်းလျှက် ရှိ သည် ဟု သိရသည်။

အစိုးရ လက်အောက်ခံ ခမရ ၃၈၇၊ ၄၃၈၊ ၆၀၁ တပ်ရင်းများက ယခုလ ၆ ရက်နေ့မှ စတင်၍ KIO ဗဟိုဌာနချုပ်၏ အနောက် ဘက် ရှေ့တန်း ကင်းစခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသကဲ့သို့ ဒေါ့ဖုန်းယန် အခြေစိုက် အမြောက်တပ် များကလည်း ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီး များနှင့် တိုက်ခိုက်လျက်ရှိကြောင်း၊ နှစ်ဘက် အသေအပျောက် စာရင်းများကိုမူ ထုတ်ပြန် နိုင်ခြင်း မရှိသေးကြောင်း KIA စစ်မြေ ပြင် သတင်း များက ဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့က လားရှိုးမြို့နယ်မှတဆင့် နမ့်ခမ်းသို့ လက်နက်ခဲယမ်းနှင့် တပ်အင်အား အပြည့် သယ်ဆောင်လာသောအစိုးရ စစ် ကား ၇ စီးကို မူဆယ်မြို့နယ် စယ်လန့် ကျေးရွာအနီးတွင် KIA တပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့်ကား ၂ စီးပျက်စီးသွား ကြောင်း၊ အသေ အ ပျောက်စာရင်း မသိရသေးကြောင်း KIO ဘက်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အစိုးရ စစ်တပ်မှ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိ သွားကြောင်း၊ ဒေသခံ ကားတစီးကို ချောဆွဲ ကာ မူ ဆယ် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မူဆယ်မြို့ခံတဦးက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့်ပင် စယ်လန့် ကျေးရွာအတွင်း အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ဒေသခံရွာသားများ မူ ဆယ်နှင့် နမ့်ခမ်း မြို့ပေါ်များသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း နမ့်ခမ်းမြို့ခံ စိုင်းမောဝ်လှိုင်က ဧရာဝတီသို့ ပြောသည်။

ယင်း တိုက်ပွဲများကြောင့် ယနေ့တွင် မူဆယ်-နမ့်ခမ်း ကားလမ်းကို ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်းနှင့် မန်ဝိန်းကြီး ဒေသ အခြေ စိုက် အစိုးရတပ်များက နမ့်ခမ်းမြို့နယ် ဘက်သို့ ချီတက်သွားကြောင်း ဒေသခံ မျက်မြင်များထံမှ သိရသည်။

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဦးလနန်က “အခု အစိုးရတပ်တွေက စစ်ဆင် ရေးကို အမြဲမပြတ် လုပ်နေတယ်။ တဘက် မှာငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်နေတယ်ဆိုပြီး မီဒီယာတွေနဲ့ နိုင်ငံတကာကို ပြောဆိုနေ ပေ မယ့်လည်း၊ ကျနော်တို့ နယ်မြေ မှာတော့စစ် ဆင်ရေးတွေက အမြဲတမ်း ရှိနေတာပါ။ သူတို့ ဒီလိုလုပ်နေ သမျှတော့ တိုက်ပွဲတွေ လျော့ သွားဖို့ မမြင်ဘူး။ အခု သူတို့ စစ် ဆင်ရေး လုပ်နေ တာကျနော်တို့ တပ်တွေနဲ့ နီးနီးကပ်ကပ် နေရာတွေမှာ ရောက်နေပြီ” ဟု ပြောသည်။

No comments: