Monday, July 23, 2012

RCSS/SSA နှင့် အစိုးရတပ် ယနေ့တိုက်ပွဲအပြင်းအထန်ဖြစ်

သျှမ်းသံတော်ဆင့်

သျှမ်းအရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးအွန်ကျေးရွာအုပ်စု၌ သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ အ ပြင်းအထန်ဖြစ်ပွားနေသည် ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။

“အစိုးရတပ်က ကျနော်တို့ စခန်းကို ဒီ မနက် ၁၀ နာရီက စပြီးတက်တိုက်တယ်။ညနေ ၄: ၃၀ နာရီ အထိတိုက်ပွဲက မပြီးသေးဘူး၊ ဘာညာ မပြော ဘဲနဲ့ ဒီတိုင်းတက်ပြီးလာ တိုက်တာ” - ဟု အမည်မဖေါ်လိုသည့် RCSSအရာရှိ တဦး ကပြောပါသည်။

ဂျူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက သံလွင်အရှေ့ခြမ်း မိုင်းပြင်းအခြေစိုက် ခမရ ၃၆၀ က မိုင်းပူးအွန်ကျေးရွာအုပ်စု ဘက်အခြေချ လှုပ် ရှား နေသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အား တက်တိုက်ခဲ့ ကြောင်း၊ မွန်းလွဲပိုင်း၌ RCSS / SSA ဘက် စစ်ကူပို့ကာအပြင်စည်းမှ ဝိုင်းပိတ်တိုက်ခိုက်သော ကြောင့် တိုက်ပွဲ အရှိပိုမြင့်လာကာ ညနေပိုင်းအထိ တိုက်ပွဲဖြစ် ပွား နေကြောင်း အမည်မဖေါ်လိုသည့် ရုံးထိုင် ကိုယ်စားလှယ်တဦး ကလည်းပြောပါသည်။

“အသေအကျ စာရင်းမသိဘူး။ ဒီတိုက်ပွဲကြောင့် လူထုက ပိုပြီးဇဝေဇဝါ ဖြစ်မှာပေါ့။ အကြောင်းမ ကြားဘဲ နယ်ကျွံ ဝင်လာရင်တော့ ကိုယ့်ကို ကိုယ်ကာကွယ်တဲ့အနေ နဲ့ ပြန်တိုက်ရမှာဘဲ။ အစိုးရတပ်ဘက်က ရန်ရှာတိုက်ခိုက်တာ ကိုး”- ဟု အဆိုပါ အရာ ရှိက ဆက်ပြော ပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်တို့ ထာဝရငြိမ်းခြမ်းရေးတည် ဆောက်ရန် နှစ်ဦးနှစ်ဘက် သဘောတူပြီးနောက်ပိုင်း ယခု တကြိမ်ထပ်မံဖြစ်ပွားသော တိုက်ပွဲသည် ၂၅ ကြိမ်မြောက် ဖြစ်သည်။

No comments: